Sports: အိုလံပစ်အတွက် ပလေးဘွိုင်းမဂ္ဂဇင်းမှာ ဓာတ်ပုံရိုက်ခဲ့တဲ့ မစ္စဘမ်ဘမ်း

ရီယိုအိုလံပစ်ပွဲကို အားပေးကြဖို့ ဘရာဇီးက တင်ပါးအလှမယ်ကလည်း လှုံ့ဆော်လျှက်ရှိပါတယ်။

play

 

ဘာစီလိုနာ ပရိသတ်အဖြစ် နာမည်ကျော်တဲ့ ဘရာဇီးက တင်ပါးအလှမယ် မစ္စဘမ်ဘမ်းက မက္ကဆီကိုထုတ် ပလေးဘွိုင်းမဂ္ဂဇင်းမှာ ထည့်သွင်းဖို့ ရင်ဖိုဖွယ် ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

play

 

မကြာခင် စတင်တော့မယ် ဘရာဇီးက ရီယိုအိုလံပစ်အတွက် ရည်ရွယ်ပြီး ထုတ်ဝေမယ့် မဂ္ဂဇင်းဖြစ်ပြီး အားကစားနည်းမျိုးစုံအတွက် ကိုယ်ဟန်အမျိုးမျိုးပေးကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ဝေမယ့် မက္ကဆီကိုပလေးဘွိုင်းမဂ္ဂဇင်းမှာ တင်ပါးအလှမယ် ဆူဇီကော့တက်ဇ်ရဲ့ အလေးမဓာတ်ပုံ၊ လက်ဝှေ့ဓာတ်ပုံ၊ ဘောလုံးဓာတ်ပုံတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

play

 

သူမကိုယ်တိုင်လည်း ရီယိုအိုလံပစ်ကို အားပေးကြဖို့ လူမှုကွန်ယက်တဆင့် လှုံ့ဆော်စည်းရုံးမှုတွေ ပြုလုပ်ပေးနေပြီး မကြာသေးခင်က တစ်ကိုယ်လုံးအပြည့် အိုလံပစ်အမှတ်တံဆိပ်တွေ ဆေးခြယ်ကာ ဓာတ်ပုံအရိုက်ခံခဲ့ပါသေးတယ်။

Source : Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ