Sports: ရွှေတံဆိပ်ရဖို့ အိုလံပစ် ပြိုင်ပွဲဝင်မည့် ရွှေ့ပြောင်းဒုက္ခသည် အသင်း

အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရွှေ့ပြောင်းဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ အားကစားအသင်း ဖြစ်ပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းဒုက္ခသည်များအားကစားအသင်းရဲ့ ယှဉ်ပြိုင်မှုကို ဒီနှစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မိမိတို့ နေထိုင်ရာ ဒေသတွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အခြားနိုင်ငံတွေကို ပြောင်းရွှေ့ခိုလှုံနေရသူ ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ အားကစားအဖွဲ့ ဖြစ်ပါတယ်။ ရွှေ့ပြောင်းဒုက္ခသည် အားကစားအဖွဲ့ထဲမှာ ဆီးရီးယားက ရေကူးအားကစားသမားတစ်ဦး၊ အီသီယိုးပီးယားက အပြေးချန်ပီယံ တစ်ဦးတို့လည်း ပါဝင်ကြမှာပါ။

play

 

ရေကူးပြိုင်ပွဲမှာ ပါဝင်မယ့် ဆီးရီးယားအမျိုးသမီး မာဒီနီဆိုရင် ၂၀၁၅ ခုနှစ်မှာ မွေးရပ်မြေ နိုင်ငံကို စွန့်ခွာလာသူ ဖြစ်ပြီး ဂရိကမ်းခြေ မရောက်ခင်မှာ ပင်လယ်ပြင်ထဲ ခုန်ချ အသက်ကယ်လှေနဲ့ သုံးနာရီခွဲလောက် လှော်ခတ်ခဲ့ရသူ ဖြစ်ပါတယ်။

play

 

သြဂုတ်လ ၂ ရက်နေ့မှာ ရီယိုဒီဂျနေးယိုး မြို့ကို ရောက်လာတဲ့ အားကစားသမား ၁၀ ဦးပါ ရွှေ့ပြောင်းဒုက္ခသည် အားကစားအဖွဲ့ကို လူပေါင်းများစွာ လာရောက်ကြိုဆိုကြပြီး အခြားသော အားကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြေးခုံပစ်၊ မာရသွန်၊ ရေကူးပြိုင်ပွဲ စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source : Rio2016

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ