Sports: ရုရှား အိုလံပစ် ကစားသမား သုံးပုံတစ်ပုံ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

ရီယိုအိုလံပစ်အတွက် ရုရှားက စုစုပေါင်း ကစားသမား သုံးပုံနှစ်ပုံသာ ဝင်ပြိုင်ခွင့် ရပါတယ်။

play

 

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့မှာ စတင်ကျင်းပနေပြီဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရုရှား အားကစားသမား ၂၇၁ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အတည်ပြုလိုက်ပါတယ်။

play

 

ရုရှား ကစားသမားတွေနဲ့ တားမြစ်ဆေးအရှုပ်တော်ပုံကြောင့် ရုရှား အားကစားအဖွဲ့ တစ်ဖွဲ့လုံးကို အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ပိတ်ဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ အိုလံပစ်ပြိုင်ပွဲဝင်မယ့် ရုရှား အားကစားသမား သုံးပုံတစ်ပုံကိုသာ တားမြစ်ဆေး ကိစ္စနဲ့ ပြိုင်ပွဲဝင်ခွင့် ပိတ်လိုက်တာ ဖြစ်ပါတယ်။

တားမြစ်ဆေးကိစ္စကြောင့် အိုလံပစ်ပြိုင် ကစားခွင့် အပိတ်ခံရတဲ့ ရုရှား အားကစားသမား ၁၁၈ ဦးရှိကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီက ကြေငြာထားပါတယ်။ စုစုပေါင်း ကစားသမား ၂၇၁ ဦးသာ ရီယိုအိုလံပစ်ပြိုင်ကို စေလွှတ်ခွင့်ရခဲ့တာကြောင် လန်ဒန်အိုလံပစ်တုန်းက ရုရှားအသင်း စာရင်းထက် တစ်ဝက်လောက်လျော့နည်းနေပါတယ်။

play

 

အချို့ အားကစားသမားတွေအတွက် အယူခံ ဆက်ဝင်သွားမှာဖြစ်ပြီး ပြိုင်ပွဲ စပြီးရင်တောင်မှ အချို့ပြန်လည်ပါဝင်လာနိုင်သေးကြောင်း သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ