Sports: ရီယို ၂၀၁၆ အိုလံပစ်မှာ ရေပန်းစားနေတဲ့ အကြောင်းရာ (၅) ခု

ရီယိုအိုလံပစ် မစတင်ခင်ကတည်းက ရေပန်းစားနေတဲ့ အကြောင်းရာတွေ ဖြစ်ပါတယ်။

play

 

ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘရာဇီးက ရီယိုဒီဂျနေးယိုးမြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ကျင်းပတဲ့ ရီယိုအိုလံပစ် ပြိုင်ပွဲဟာ အခက်အခဲပေါင်းများစွာ၊ ထူးခြားမှုပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ဖွင့်ပွဲအခမ်းအနားနေ့ကို ရောက်လာခဲ့ပါပြီ။ ရီယို အိုလံပစ်ပြိုင်ပွဲအတွက် ထူးထူးခြားခြား သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ရုရှားနှင့် တားမြစ်ဆေး

play

 

ရီယိုအိုလံပစ်ပြိုင်ပွဲမှာ အလှုပ်ခတ်ဆုံးတွေထဲက တစ်ခုကတော့ ရုရှားကစားသမားတွေ တားမြစ်ဆေးသုံးစွဲတဲ့ကိစ္စ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရုရှားအားကစားအဖွဲ့ စုစုပေါင်း သုံးပုံနှစ်ပုံဖြစ်တဲ့ ကစားသမား ၂၇၁ ဦးကို ပြိုင်ပွဲဝင်ခွင့် ပေးလိုက်ပါတယ်။

၂။ အူစိန်ဘို့လ်

play

 

အိုလံပစ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ သတင်းထွက်ခဲ့ပြီးတဲ့နောက် ဂျာမေကော အပြေးသမား အူစိန်ဘို့လ်ဟာ ဒဏ်ရာက သက်သာလာပြီး ပြိုင်ပွဲပါဝင်ဖို့ သေချာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ နှစ်ခုဆက်တိုက် မီတာ ၁၀၀နဲ့ ၂၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရခဲ့သူဖြစ်ပါတယ်။

ဒီနှစ်လည်း စံချိန်တွေချိုးပြီး ရွှေတံဆိပ်ရမလား စောင့်ကြည့်ရမှာပါ။

၃။ ရေညစ်ညမ်းမှု

play

 

အိုလံပစ် ပြိုင်ပွဲတွေမှာ ပတ်ဝန်းကျင်သန့်ရှင်မှု မရှိလို့ အားကစားသမားတွေ ကူးစက်ရောဂါရနိုင်တယ်လို့ ဝေဖန်ခံရနေရပါတယ်။ အထူးသဖြင့် ရေကူးပြိုင်ပွဲဝင်မယ့် ရေတွေနဲ့ ရွက်လှေပြိုင်ပွဲတွေ ကျင်းပမယ့် နေရာက ရေတွေဟာ မသန့်ရှင်းဘူးလို့ ဆိုပါတယ်။

၎။ ဇီကာ

play

 

ဒါက လူပြောအများဆုံး အကြောင်းရာ တစ်ခုပါ။ အထူးသဖြင့် ရီယိုကိုသွားရောက်ကြသူအားလုံး စိုးရိမ်ရတဲ့ ကူးစက်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဇီကာရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ရောဂါတစ်ခုအဖြစ် WHO က သတ်မှတ်ထားပါတယ်။

၅။ ဟုပ်ဆိုလို

play

 

အမေရိကန်အမျိုးသမီး ဘောလုံးအသင်းရဲ့ ဂိုးသမား ဟုပ်ဆိုလိုအကြောင်းလည်း ပြောစရာ တစ်ခုအဖြစ် ရေပန်းစားလာပါတယ်။ ရီယိုမှာ ဇီကာရောဂါ ကာကွယ်ဖို့ သူမ ယူဆောင်လာတဲ့ အသုံးအဆောင်တွေကို ဓာတ်ပုံရိုက်တင်ခဲ့သလိုသူမခေါင်းကို ခေါင်းဆောင်းတစ်ခုဆောင်းပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ အမူအယာပိုတဲ့ သူမရဲ့ အမူအယာတွေကြောင့် ဘရာဇီးပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

Source : USA today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ