Sports: အိုလံပစ်ဖွင့်ပွဲ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ အကြမ်းဖက် ဖြိုခွင်း

မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

play

 

ရီယိုအိုလံပစ်ပွဲတော် ဖွင့်ပွဲ မကျင်းပခင် အချိန်အတွင်း အားကစားကွင်း ပြင်ပမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေ များပြားပြီး ဆူပူခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ရတယ်လို့ သိရပါတယ်။

play

 

ဘရာဇီး အိုလံပစ်ပွဲတော် ကျင်းပတာကို မကျေနတာကြောင့် ဆန္ဒပြသူ ၃၀၀၀ ခန့်ဟာ ကွင်းပြင်ပမှာ ညနေခင်းအချိန်ကတည်းက စုရုံးရောက်ရှိနေခဲ့ကြပြီး အိုလံပစ်တီရှပ်ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖြိုခွင်းခဲ့ပြီး အနည်းဆုံး တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

play

 

ကလေးငယ်တွေလည်းရှိနေတဲ့ ဆန္ဒပြသူတွေကြားထဲကို မျက်ရည်ယိုဗုံးတွေ ထည့်သွင်းကာ ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ အဘက်ဘက်က ယိုယွင်းပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့အတွက် အိုလံပစ်ပြိုင်ပွဲကို ငွေကြေးအလုံးအရင်း သုံးစွဲပြီး ကျင်းပတာကို မကျေနပ်သူတွေ ရှိခဲ့တာဖြစ်ပါတယ်။

play

 

ဒီအိုလံပစ်ပြိုင်ပွဲအတွက် ဘရာဇီးက ကန်ဒေါ်လာ ၁၇ ဘီလျံလောက် သုံးစွဲခဲ့တာလို့ ဆိုပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ