Sports: အားကစားသမားများ ကျိန်စာသင့်နေသည့် ရီယိုအိုလံပစ် ပြိုင်ပွဲ

, updated

ဒီနှစ်အိုလံပစ်ပြိုင်ပွဲမှာ ကစားသမားတွေ ဒဏ်ရာရရှိမှုက အတော်မြင့်မားနေတာ ဖြစ်ပါတယ်။

play

 

လက်ရှိ ဘရာဇီး အိုလံပစ်ပြိုင်ပွဲဟာ ပြိုင်ပွဲဝင်အားကစားသမားတွေအတွက် ကျိန်စာသင့်နေတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ အထူးသဖြင့် အားကစားသမားတွေ ဒဏ်ရာရရှိမှုဟာ သုံးရက်အတွင်း ဆက်တိုက် ဖြစ်ပျက်ခဲ့ပြီးနောက် အခုလို ဝေဖန်ခဲ့ခဲ့ရတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေစဉ် ဒဏ်ရာ ရခဲ့တဲ့ အားကစားသမား အနည်းဆုံး ငါးဦးထက်မနည်းရှိလာခဲ့ပြီး အချို့အားကစားသမားတွေရဲ့ မတော်တဆ ဖြစ်ရပ်ဟာ အသက်အန္တရာယ်ကိုတောင် ထိခိုက်မှု ရှိလာခဲ့ပါတယ်။

ဗြိတိန်စက်ဘီးသမား ခရစ္စဖရွန်းမ်ဆိုရင်လည်း ပြီးခဲ့တဲ့ စနေနေ့က ပြိုင်ပွဲဝင်နေစဉ် ကွင်းမျက်နှာပြင်မတည်ငြိမ်တဲ့အတွက် စက်ဘီးမှောက်ခဲ့ပြီး ရင်ညွန့်အရိုး ထိခိုက်တဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

play

 

အခြားစက်ဘီး အားကစားမယ်တစ်ဦးဖြစ်တဲ့ ဟော်လန်က ဗလူတန်ဆိုရင်လည်း စက်ဘီးမှောက်ပြီး ဦးခေါင်းနဲ့ နံရိုး ဒဏ်ရာတွေ ရရှိခဲ့ပြန်ပါတယ်။

play

 

ဒါတင်မဟုတ်သေးပါဘူး ဂျွမ်းဘားအားကစားသမားတစ်ဦးဖြစ်တဲ့ အေ့တ်ဆက်ရဲ့ ခြေသလုံးရိုးကျိုးသွားတဲ့ ဒဏ်ရာဟာလည်း အတော်ကိုပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး ကစားသမားဘဝ အဆုံးသတ်လောက်တဲ့အထိ စိုးရိမ်ခဲ့ရပါတယ်။

play

 

အခြား ဗြိတိန် ဂျွမ်းဘားမယ်တစ်ဦးဖြစ်တဲ့ ဒေါင်းနီးဆိုရင်လည်း အမြင့်ကိုခုန်ပြီး ပြန်အကျမှာ အကျမတော်ခဲ့တဲ့အတွက် လည်ပင်းထိခိုက်ခဲ့ပြီး အသက်သေဆုံးရမယ့်ဘေးက ကပ်လွဲခဲ့ရပါတယ်။

play

 

နောက်ထပ် ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုကတော့ အိုလံပစ်ဖွင့်ပွဲနေ့မှာပဲ လှေလှော်ပြိုင်ပွဲမှာ ဆားဘီးယားလှေလှော်အသင်းရဲ့ လှေတိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ