Sports: အိုလံပစ်ပြိုင်ပွဲမှာ မလွတ်တမ်း စောင့်ကြည့်ရမယ့် အမျိုးသမီး အားကစားသမား (၁၁) ဦး

အောင်မြင်မှု မရသေးခင်ကတည်းက သူတို့ရဲ့ ရုပ်ရည်ကြောင့် နာမည်ကျော်နေတဲ့ အားကစားသမားတွေ ဖြစ်ပါတယ်။

play

 

ဘရာဇီးမှာ ကျင်းပနေဆဲ ဖြစ်တဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲက ပရိသတ်တွေအတွက် ဆွဲဆောင်မှု အရှိဆုံး ကစားသမား (၁၁) ဦးအကြောင်း ဖော်ပြလိုက်ပါတယ်။

၁။ မီရှဲလ်ဂျန်နက်ကေး

play

 

သြစတြေးလျ တန်းခုန် အားကစားမယ်တစ်ဦးဖြစ်ပြီး ဆစ်ဒနေမှာမွေးဖွားခဲ့တာပါ။ ၂၀၁၂ အငယ်တန်းကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာကတည်းက အင်တာနက်မှာ နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။

၂။ မီလာနီအဒမ်

play

 

သူမလည်း သြစတြေးလျ အားကစားသမားပဲဖြစ်ပြီး တုတ်ထောက်ခုန် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့်သူ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်မပြည့်ခင်ကတည်းက ဆုတံဆိပ်တွေရပြီး အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

၃။ မီရှဲဝါတာဆင်

play

 

အမေရိကန်အတွက် တိုက်ခိုက်သတ်ပုပ်ရေး ကိုယ်ခံပညာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားမယ်ဖြစ်ပါတယ်။ အမေရိကမှာ နာမည်ကျော်တဲ့ UFC ပြိုင်ပွဲမှာ ပုံမှန် ယှဉ်ပြိုင်နေတဲ့ အားကစားသမားလည်း ဖြစ်ပါတယ်။

၎။ အန်တိုနီဂျာဆန်းဒရစ်

play

 

ခရိုအေးရှားအသင်းရဲ့ ဘတ်စကတ်ဘောသမား ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ အရပ် ၅ ပေ ၁၁ လက်မရှိသူဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်က ဘတ်စကတ်ဘော လောကကို ရောက်လာသူပါ။

၅။ အယ်လီဟုဂ်

play

 

နယ်သာလန်အသင်းရဲ့က အမျိုးသမီးဟော်ကီအသင်းအတွက် မျှော်လင့်ချက်တစ်ခုဆိုလည်း မမှားပါဘူး။ အိုလံပစ်ရွှေတံဆိပ်ကို နှစ်ခုရရှိဖူးတဲ့ နယ်သာလန်ဟော်ကီအားကစားမယ်လည်း ဖြစ်ပါတယ်။

၆။ အီဗနိုဗစ်ခ်ျ

play

 

ဆားဘီးတင်းနစ်အားကစားအတွက် စံပြတစ်ဦးဖြစ်သလို နာမည်ကျော်တစ်ဦးလည်းဖြစ်ပါတယ်။ မန်ယူဘောလုံးအသင်းက ရှဝိန်းစတိုင်ဂါရဲ့ ချစ်သူပါ။

၇။ ဟုပ်ဆိုလို

play

 

သူမကိုတော့ အတော်များများသိထားပြီးသားဖြစ်ပါတယ်။ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းကို ဦးဆောင်လာမယ့်သူဖြစ်ပြီး ရွှေတံဆိပ် နှစ်ခု ရဖူးသူလည်းဖြစ်ပါတယ်။ အမေရိကန်အမျိုးသမီးဘောလုံးအသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်မယ့် ဂိုးသမားပါ။

၈။ ဆိုဖီဟွန်း

play

 

ဗြိတိန်မှာ နော်ဖော့ခ်ကောင်တီချန်ပီယံဆု သုံးကြိမ်ဆက်တိုက်ရရှိထားသူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်ကတည်းက ကြေးစားတစ်ယောက်ရဲ့ လက်မျိုးနဲ့ ဂေါက်သီးပြိုင်ပွဲတွေမှာ ဝင်ရောက်နေသူ ဖြစ်နေပါပြီ။

၉။ အက်ရှ်လေ

play

 

အမေရိကန် ရေလွှာလျှောစီးအတွက် ရွှေတံဆိပ်မှန်းနိုင်တဲ့ အားကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ခြောက်နှစ်အရွယ်ကတည်းက ရေလွှာလျှောစီး အားကစားနည်းနဲ့ အကျွမ်းဝင်ခဲ့သူပါ။

၁၀။ အဲလက်စ်မော်ဂန်

play

 

အမေရိကန်အမျိုးသမီးဘောလုံးအသင်းက နောက်ထပ်ကစားသမားတစ်ယောက်ပါ။ အမေရိကန်က အမျိုးသမီးအားကစားလောကရဲ့ တစ်နှစ်တာ အကောင်းဆုံးဆု ရရှိထားသူဖြစ်ပါတယ်။

၁၁။ အယ်လီဆန်

play

 

သူမဟာ အားကစားသမားသက်သက်သာ မဟုတ်ပါဘူး။ ကယ်လီဖိုးနီးယား တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပါတယ်။ အခုတော့ အိုလံပစ်မှာ အမေရိကန်အသင်းဘက်က တုတ်ထောက်ခုန် အားကစားသမားအဖြစ် ဝင်ပြိုင်မှာပါ။

Source : 9Gag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ