Sports: အီဗရာဟီမိုဗစ်ခ်ျနှင့် ရွန်နေး၏ သွင်းဂိုးများဖြင့် မန်ယူသက်သက်သာသာ နိုင်ပွဲရ

, updated

ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ နည်းပြမော်ရင်ဟိုလည်း မျက်နှာပန်း လှခဲ့ပါတယ်။

play

နည်းပြမော်ရင်ဟိုရဲ့ ပွဲဦးထွက်မှာ မန်ယူအသင်းက ဧည့်သည်အသင်းအဖြစ် အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရပေမဲ့ ဂိုးပြတ်အနိုင်ယူပြီး ပွဲထွက်လှခဲ့ပါတယ်။

မန်ယူအသင်းဘက်က တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနဲ့အတူ မာရှယ်၊ ရွန်နေးတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ မာတာနဲ့ ဟာရဲရားတို့ကို တွဲပေးခဲ့တာာပါ။

ဘုန်းမောက်ကလည်း အသစ်ခေါ်ထားတဲ့ လီဗာပူးကစားသမား အီဘီကို ပွဲထုတ်ပြီး တိုက်စစ်မှူး ကင်းနဲ့ ဝီလ်ဆင်တို့ကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

play

 

ပွဲစပြီး မိနစ် ၂၀ လောက်အထိ မန်ယူအသင်း ကစားကွက် တည်မရသေးတာကို အခွင့်ကောင်းယူပြီး ဘုန်းမောက်အသင်းက ဖိအားပေးတိုက်စစ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုန်းမောက်ရဲ့ အဆုံးသတ်ဂိုးဖန်တီးမှု မသေချာတာတွေကြောင့် ဂိုးတော့ မရခဲ့ပါဘူး။

play

 

မန်ယူအသင်းအတွက် အဖွင့်ဂိုးဟာ ပထမပိုင်းပြီးခါနီး ငါးမိနစ်အလိုမှာ ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ခံလူ ဖရဆစ်ရဲ့ အမှားကတစ်ဆင့် မာတာက အခွင့်အရေးကို အပိုင်အသုံးချပြီး အဖွင့်ဂိုး သွင်းခဲ့တာပါ။

မော်ရင်ဟို လက်ထက် ပထမဆုံး ပရီးမီယားလိဂ်အဖွင့်ဂိုးဟာ မာတာရဲ့ ဂိုးဖြစ်ခဲ့လို့ ထူးခြားခဲ့ပါတယ်။ ဒုတိပိုင်း ပြန်စပြီး ၅၉ မိနစ်မှာ မန်ယူဒုတိယဂိုးထပ်ရပါတယ်။ ဗလန်စီယာနဲ့ မာရှုယ်တို့ရဲ့ အားထုတ်မှုကတစ်ဆင့် ရွန်နေးက ဒုတိယဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

နောက်ထပ် ငါးမိနစ်အကြာမှာ မန်ယူတတိယဂိုး ထပ်ရခဲ့ပါတယ်။ မာရှယ်အကွက်မြင်မြင်ဖန်တီးပေးထားခဲ့တဲ့ ဘောလုံးကို တိုကစ်စ်မှူး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ၆၉ မိနစ်မှာ ဘုန်းမောက်ပထမဆုံး ချေပဂိုးရသွားပါတယ်။ ဂရက်ဘန်ရဲ့ ပေးပို့မှုကတစ်ဆင့် စမစ်ခ်ျက ဘယ်ခြေနဲ့ သွင်းယူသွားတာပါ။ ဘယ်သူမှ ဂိုးထပ်မသွင်းနိုင်တော့လို့ မန်ယူအသင်း ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ တာထွက်လှခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ