Sports: မန်ယူ နှင့် ရီးရဲလ်မက်ဒရစ် ဝတ်ဆင်မည့် ဂျာစီဒီဇိုင်းများကို ပရိသတ်များ ကိုယ်တိုင် ဖန်တီးခွင့် ပေးထား

လာမယ့်နှစ်မှာ ဝတ်ဆင်မယ့် အသင်းဂျာစီကို ပရိသတ်တွေ ဖန်တီးထားတဲ့ ဒီဇိုင်းထဲက တစ်ခုကို မဲပေးရွေးချယ်ပြီး ဝတ်ဆင်မှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းအပါအဝင် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ အေစီမီလန် အသင်းပရိသတ်တွေအတွက် အထူးအခွင့်အရေးတစ်ခု ပေးထားကြောင်း သိရပါတယ်။

ဘောလုံးပရိသတ်တွေအနေနဲ့ ကိုယ်အားပေးတဲ့အသင်း ဝတ်ဆင်မယ့် ဂျာစီဒီဇိုင်းကို ကိုယ်ကိုတိုင် ပါဝင်ရေးဆွဲခွင့် ပေးတဲ့ ပြိုင်ပွဲတစ်ခုကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ မန်ယူအပါအဝင် Adidas က စပွန်ဆာပေးထားတဲ့ အသင်းကြီးတွေရဲ့ တတိယဘောလုံးဂျာစီ ဒီဇိုင်းကို ပရိသတ်တွေ ကိုယ်တိုင် ဖန်တီးခွင့် ပေးထားတာ ဖြစ်ပါတယ်။

play

 

အခု ပထမအဆင့် ပြိုင်ပွဲပြီးဆုံးလို့ နောက်ဆုံး ဒီဇိုင်း ၁၀၀ ကို ဆန်ခါတင်ရွေးထားတဲ့အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ မန်ယူအသင်း ပရိသတ်တွေ ရေးဆွဲထားတဲ့ ဒီဇိုင်းထဲက နောက်ဆုံး ဒီဇိုင်း ၁၀၀ စာရင်းမှာ  အရွေးခံထားတဲ့ ဒီဇိုင်းတွေထဲက တစ်ခုကို လာမယ့်နှစ်မှာ မန်ယူအသင်း ဝတ်ဆင်မှာ ဖြစ်ပါတယ်။

play
play

 

မန်ယူအသင်းအတွက် ဆန်ခါတင်ဒီဇိုင်းထဲမှာ အသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်ခဲ့တဲ့ ဆာမက်စ်ဘတ်စ်ဘီကို ကိုယ်စားပြုတဲ့ ဒီဇိုင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီဇိုင်းတွေကိုတော့ အသင်းရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေအပါအဝင် မဲပေးရွေးချယ်ကြမှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ