Sports: အိုလံပစ် ဆုတံဆိပ်မရသူများကို အလုပ်ကြမ်းနှင့် အပြစ်ပေးရန် မြောက်ကိုရီးယား စီစဉ်နေဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သတ်မှတ်လိုက်တဲ့ ဆုတံဆိပ်ပမာဏကို အားကစားသမားတွေက အိုလံပစ်မှာ အရမယူနိုင်ခဲ့ပါဘူး။

play

 

ပြီးခဲ့တဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ မျှော်မှန်းထားတဲ့ ရွှေတံဆိပ်အရေအတွက် ရအောင်မယူနိုင်ခဲ့တဲ့ အားကစားသမားတွေကို အပြစ်ပေးဖို့ မြောက်ကိုရီးယား အစိုးရက စီစဉ်နေကြောင်း မြောက်ကိုရီးယားနိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

play

 

မြောက်ကိုရီးယားအိုလံပစ်အားကစားအဖွဲ့ကို အနည်းဆုံး ရွှေတံဆိပ် (၅) ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၇ ခုရအောင် ယှဉ်ပြိုင်ခဲ့ကြဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၂ ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၇ ခုသာရအောင်စွမ်းဆောင်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ " ရွှေတံဆိပ် ၅ ခုရယူရမယ်ဆိုတဲ့ ရည်မှန်းချက်ကို မပြည့်မီခဲ့ပါဘူး" လို့ မြောက်ကိုရီးယားအိုလံပစ်အဖွဲ့က အရာရှိ ယွမ်ယောင်ဘော့က ပြောခဲ့ပါတယ်။

play
မြောက်ကိုရီးယား ရွှေတံဆိပ်ဆုရှင် ဆီဂွမ်းရီ

 

အားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရအောင် ယူနိုင်သူတွေကို အိမ်ယာတွေ၊ တန်ဖိုးကြီးလက်ဆောင်တွေ ပေးပြီး ဂုဏ်ပြုခဲ့ပေမဲ့ အခု အိုလံပစ်က ရလဒ်ကိုတော့ ခေါင်းဆောင် ကင်ဂျုံအန်ကျေနပ်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား နိုင်ငံရေး ကျွမ်းကျင်သူ ရှီဂီမူရာက ပြောပါတယ်။ အခုဆိုရင် ပြိုင်ပွဲမှာ ရလဒ်မကောင်းတဲ့ ကစားသမားတွေကို နုံချာစုတ်ပြတ်တဲ့ အိမ်ရာတွေမှာ နေခိုင်းဖို့၊ မိုင်းတွင်းထဲ စေလွှတ်ပြီး အလုပ်ကြမ်းလုပ်ခိုင်းဖို့ ပြင်ဆင်နေလောက်ပြီလို့ ဆိုပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ