Sports: ပေါင်ခြံဒဏ်ရာကြောင့် မက်ဆီ သုံးပတ်နားရမည်

အသလက်တီကို ကစားသမား ဂေါ့ဒင်ရဲ့ ဖျက်ထုတ်မှုခံရပြီးနောက် ပေါင်ခြံကြွက်သားဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။

play


ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပေါင်ခြံဒဏ်ရာကြောင်း သီတင်းသုံးပတ်ကြာ နားရမှာဖြစ်ပါတယ်။ မက်ဆီဟာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက်အစောပိုင်းက အသလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ပွဲကစားချိန် ၅၉ မိနစ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တာပါ။

play


အသလက်တီကို ကစားသမား ဂေါ့ဒင်ရဲ့ ဖျက်ထုတ်မှုခံရပြီးနောက် ပေါင်ခြံကြွက်သားဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

play


မက်ဆီဟာ ယခုလ အစောပိုင်းက အာဂျင်တီးနားနဲ့ ဗင်နီဇွဲလားတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ နံနက်အစောပိုင်းက အသလက်တီကိုနဲ့ ပွဲစဉ်အပါအဝင် ယခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါ ငါးပွဲလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။

play


အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အောက်တိုဘာ ၁၉ ရက်မှာ မန်ချက်စတာစီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါ ပွဲစဉ်မတိုင်မီ မိုချန်ဂလာဘတ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ ဂီဂျွန်၊ ဆဲလ်တာတို့နဲ့ လာလီဂါပွဲစဉ်နှစ်ပွဲ၊ ပီရူး၊ ပါရာဂွေးတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်နှစ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ယနေ့ နံနက်အစောပိုင်းက ကစားခဲ့တဲ့ အသလက်တီကိုနဲ့ ပွဲစဉ်မှာ အခြား ဘာစီလိုနာ ကစားသမား ဆာဂျီယို ဘက်စ်ကွက်လည်း ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ ထွက်ခဲ့ရပါတယ်။
Source & Photo: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ