Sports: ပင်နယ်တီ ဘယ်လိုသွင်းသွင်း ကာကွယ်နိုင်တဲ့ ဂိုးသမား

, updated

ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ ဂိုးသမားဟာ ပင်နယ်တီအသွင်းမခံရဖို့ ကံကြမ္မာနဲ့ စွမ်းဆောင်ရည်က အကြိမ်ကြိမ် အထောက်အကူ ပြုခဲ့ပါတယ်။

play

 

ပြင်သစ် အမှတ်ပေးဘောလုံးပြိုင်ပွဲတစ်ပွဲမှာ ရန်းနက်စ်အသင်း ဂိုးသမား ဂျက်ဖ်ဘက်ဒနစ်ရဲ့ စွမ်းဆောင်မှုကြောင့် တစ်ဖက်အသင်းက ပင်နယ်တီကို အကြိမ်ကြိမ်ကန်သွင်းရာမှာ ဂိုးမရဘဲ ဖြစ်ခဲ့ရပါတယ်။

ပွဲစဉ်အတွင်းမှာ ဗန်းနက်စ်အသင်းက ရန်းနက်စ်အသင်းကို ပင်နယ်တီပြစ်ဒဏ် ကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီကို ဗန်းနက်စ်အသင်း ကစားသမား ကန်သွင်းရာမှာ ဂိုးသမား လှဲချလိုက်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ကန်နိုင်ခဲ့ပေမဲ့ ဘောလုံးဟာ တိုင်ကိုထိမှန်ခဲ့ပါတယ်။

တိုင်ထိမှန်သွားတဲ့ဘောလုံးဟာ ဂိုးသမား ဘက်ဒနစ်ရဲ့ ကျောကိုလာရောက်ထိမှန်ပြီး ဗန်းနက်စ်အသင်း ကစားသမားထံ ရောက်သွားပြန်ပါတယ်။ ပင်နယ်တီကန်လိုက်တဲ့ ကစားသမားကပဲ ရလာတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပေမဲ့ ဂိုးသမားက ခြေထောက်နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီဘောလုံးဟာ ဗန်းနက်စ်အသင်းကစားသမားထံ ရောက်သွားပြန်ပါတယ်။ ထပ်မံကန်သွင်းခဲ့ပေမဲ့ ဂိုးသမား ဘက်ဒနစ်ကပဲ သုံးကြိမ်တိတိ တစ်ဆက်တည်း ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘက်ဒနစ်ကတော့ ပင်နယ်တီကို ဘယ်လိုသွင်းသွင်း ကာကွယ်နိုင်တဲ့ ဂိုးသမားအဖြစ် သတင်းတွေမှာဖော်ပြခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘက်ဒနစ်ရဲ့ ရန်းနက်စ်အသင်းဟာ အဲဒီပွဲမှာ ၃-၀ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ