Sports: စိတ်ထားကောင်းတဲ့ မန်ယူကစားသမား မာတာ မသန်စွမ်း ပရိသတ်ကို အံ့အားသင့်အောင် လုပ်ပြခဲ့

မာတာ သူဟာစိတ်ထားကောင်းပြီး မာနမကြီးတဲ့ဘောလုံးသမားဆိုတာ စတုတ်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ သက်သေပြလိုက်ပါတယ်။

play

 

မန်ယူအသင်းကစားသမား မာတာဟာ ဒီရာသီမှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပေမဲ့ စိတ်ထားကောင်းနေဆဲ ဖြစ်တယ်ဆိုတာကို စတုတ်စီးတီးနဲ့ပွဲမှာ ပြသလိုက်ပါတယ်။

မန်ယူနဲ့ စတုတ်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ် ကစားတဲ့နေ့မှာ အသင်းရဲ့ပရိသတ် မသန်စွမ်းကလေးငယ်တစ်ဦးဟာ အိုးထရက်ဖို့ဒ် ကွင်းပြင်ပမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကိုမြင်သွားတဲ့ မာတာက အတင်းတိုးဝှေ့နေတဲ့ ပရိသတ်တွေအပြင် လုံခြုံရေးအရာရှိတွေကိုပါ ကျော်ဖြတ်ပြီးကလေးငယ်ဆီ ရောက်လာကာ လာရောက်နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

play

 

ဘီးတပ်ကုလားထိုင်ပေါ်က ကလေးငယ်ဟာ သူ့ထံကို မန်ယူကစားသမား မာတာတကယ်ရောက်လာခဲ့တာကြောင့် အံ့အားသင့်ပြီး ဝမ်းသာသွားခဲ့ပါတယ်။

play

 

ကလေးငယ်ကို မာတာက ပွေ့ဖက်နှုတ်ဆက်ပြီးကလေးငယ်ရဲ့ ဖခင်ဖြစ်သူကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေကို နှုတ်ဆက်ကာ မာတာဟာ အသင်းဘတ်စ်ကားပေါ် တက်သွားခဲ့တာတွေ့ရပါတယ်။ စိတ်ထားကောင်းတဲ့ ဘောလုံးသမားတစ်ယောက်ဆိုတာကို မာတာက သက်သေပြလိုက်တာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ