Sports: ဘာကာအသင်းခေါင်းဆောင် အင်နီယေစတာ နှစ်လခွဲကြာ နားရမည်

အင်နီယေစတာရဲ့ ဒူးဒဏ်ရာကို နောက်ထပ် အသေးစိတ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဘာစီလိုနာက သတင်းထုတ်ပြန်ထားပါတယ်။

play


စပိန်လာလီဂါမှ ဘာစီလိုနားအသင်း ကွင်းလယ်ကစားသမားနဲ့ အသင်းခေါင်းဆောင် အန်ဒရက်စ် အင်နီယေစတာ ဒဏ်ရာကြောင့် ယခုနှစ်ကုန်အထိ အနားယူရမယ်လို့ ဆိုပါတယ်။ အင်နီယေစတာဟာ စနေနေ့ (အောက်တိုဘာ ၂၂ ရက်) ညက ဗလင်စီယာကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

play


ဗလင်စီယာ ကစားသမား အန်ဇိုပီရက်ဇ်ရဲ့ နောက်မှဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် အင်နီယေစတာ ဒဏ်ရာရခဲ့ပြီး အန်ဇိုပီရက်ဇ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။ သတင်းတွေအရ အသက် ၃၂ နှစ်အရွယ် စပိန်လက်ရွေးစင် အင်နီယေစတာရဲ့ ညာဖက်ဒူးအရွတ် ဒဏ်ရာရခဲ့ပြီး နှစ်လခွဲကြာ ဘောလုံးကစားနိုင်ခြင်း မရှိဘဲ အနားယူရမယ်လို့ ဆိုပါတယ်။

play


အင်နီယေစတာရဲ့ ဒူးဒဏ်ရာကို နောက်ထပ် အသေးစိတ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဘာစီလိုနာက သတင်းထုတ်ပြန်ထားပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ