Sports: လုပ်ခလစာ အမြင့်ဆုံး ကစားသမားဖြစ်လာနိုင်တဲ့ ဂရတ်ဘေးလ်

ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့စဉ်ကလည်း ၎င်းရဲ့ပြောင်းရွှေ့ကြေးမှာ ပေါင်စတာလင် ၈၆ သန်းဖြင့် ကမ္ဘာ့ဘောလုံးကစားသမား အပြောင်းအရွှေ့ဈေးကွက်မှာ စံချိန်တင်ခဲ့ပါသေးတယ်။

play


စပိန်လာလီဂါမှ ရီးရဲမက်ဒရစ်စတား ဂရတ်ဘေးလ်ဟာ ကမ္ဘာ့လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတင်းများက ဆိုပါတယ်။

ဝေးလ်လက်ရွေးစင် ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့စဉ်ကလည်း ၎င်းရဲ့ပြောင်းရွှေ့ကြေးမှာ ပေါင်စတာလင် ၈၆ သန်းဖြင့် ကမ္ဘာ့ဘောလုံးကစားသမား အပြောင်းအရွှေ့ဈေးကွက်မှာ စံချိန်တင်ခဲ့ပါသေးတယ်။

play


ဘေးလ်ကို အသင်းမှာ ဆက်လက် ရှိနေစေရန်အတွက် ရီးရဲလ်တာဝန်ရှိသူတွေက ကမ္ဘာ့စံချိန်တင် တန်ဖိုးအကြီးဆုံး ကစားသမားစာချုပ်အဖြစ် ပေါင်စတာလင် ၁၉၅ သန်းတန် ငါးနှစ်သက်တမ်း စာချုပ်တစ်ရပ် ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရပါတယ်။

play


ဘေးလ်ဟာ အဆိုပါ စာချုပ်အရ တစ်ပတ်လျှင် ပေါင်စတာလင် ၇၅၀,၀၀၀ ရရှိလာမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာမှာပါ။ ၎င်းဟာ ရီးရဲ့လ်နဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေသေးပြီး လက်ရှိမှာ တစ်ပတ်လျှင် ပေါင်စတာလင် ၅၂၅,၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။

play

 
အသက် ၂၇ နှစ်အရွယ် ဘေးလ်ကို မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးကလပ်များက စိတ်ဝင်စားနေကြောင် သတင်းများထွက်ပေါ်နေပါတယ်။ ဘေးလ်နဲ့ အသင်းဖော်ဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် ရီးရဲလ်က ဆောင်ရွက်နေကြောင်း သိရပါတယ်။
Source & Photo: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ