Sports: ဝက်စ်ဟမ်းနဲ့ချယ်လ်ဆီး ပရိသတ်များရန်ပွဲ အမျိုးသားခုနစ်ဦးကို ဖမ်းဆီးထား

နှစ်ဖက်အသင်း ပရိသတ်များကြား အကြွေစေ့များ၊ ပုလင်းများနဲ့  ပလတ်စတစ် ထိုင်ခုံများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့နဲ့ ပွဲစဉ်ကြီးကြပ်သူတွေ အသည်းအသန် ထိန်းသိမ်းခဲ့ရပါတယ်။

play


ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ EFL လိဂ်ဖလားပွဲစဉ်အတွင်း ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီး ပရိတ်သတ်များ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လန်ဒန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

play


အိမ်ရှင် ဝက်စ်ဟမ်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့တ အဆိုပွဲစဉ်အတွင်း နှစ်ဖက်အသင်း ပရိသတ်များကြား အကြွေစေ့များ၊ ပုလင်းများနဲ့  ပလတ်စတစ် ထိုင်ခုံများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့နဲ့ ပွဲစဉ်ကြီးကြပ်သူတွေ အသည်းအသန် ထိန်းသိမ်းခဲ့ရပါတယ်။

play


လိဂ်ဖလားပွဲစဉ် ခိုက်ရန်ဖြစ်ပွားမှုနဲ့ ဆက်နွယ်ပြီး အမျိုးသား ၇ ဦးကို အများပြည်သူ အနှောင့်အယှက် ဖြစ်စေတဲ့ ပြစ်မှုများဖြင့် ရဲစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

play


လန်ဒန်မြို့ခံနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့တာကြောင့်လည်း အားပေးမှုမှာ သာမန်ပွဲစဉ်တွေထက် ပိုမိုပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ