Sports: ဂါရတ်ဘေးလ်နဲ့ ရီးရဲလ်မက်ဒရစ် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရ

ဘေးလ်ဟာ ရီးရဲလ်နဲ့အတူ ၁၃၅ ပွဲ ကစားခဲ့ပြီး ၆၂ ဂိုး သွင်းယူထားကာ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်နဲ့ စပိန်ဘုရင့်ဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။

play


ဝေးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း လာလီဂါကလပ်က ပြောကြားပါတယ်။ ဘေးလ်က ရီးရဲလ်နဲ့စာချုပ်ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။

play


ဘေးလ်ဟာ ရီးရဲလ်ကို ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်စတာလင် ၈၅ သန်းဖြင့် ရောက်ရှိလာခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဘောလုံးရာသီ သုံးခုအတွင် ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်နဲ့ စပိန်ဘုရင့်ဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။ ဘေးလ်ဟာ စပိန်လာလီဂါ ဆုဖလားကိုတော့ ရရှိထားခြင်း မရှိသေးပါဘူး။

play


အသက် ၂၇ နှစ်အရွယ် ဘေးလ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာလည်း ၂၀၁၉ ခုနှစ်အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်နဲ့အတူ ၁၃၅ ပွဲ ကစားခဲ့ပြီး ၆၂ ဂိုး သွင်းယူထားပါတယ်။ ဘေးလ်နဲ့ ရီးရဲလ်တို့ကြား သဘောတူညီမှုအရ ၎င်းရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်အထိဖြစ်ကြောင်းလည်း သိရပါတယ်။

ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုကို ဘေးလ်က အောက်တိုဘာ ၃၁ ရက်မှာ မီဒီယာများကို တွေ့ဆုံ ပြောကြားမယ်လို့လည်း ဆိုပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ