Sports: ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပရိသတ်များလည်း မဲပေးရွေးချယ်နိုင်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ရွေးချယ်ရာမှာ ကစားသမား၊ နည်းပြနဲ့ ပရိသတ်တွေက ရွေးချယ်သွားမှာဖြစ်တာကြောင့် ယခင်ကထက်ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်လာမယ်လို့ ဖီဖာဥက္ကဋ္ဌက ဆိုပါတယ်။

play


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နှစ်စဉ် ရွေးချယ်ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုအတွက် မဲပေးရွေးချယ်မှုကို ပရိသတ်များပါ ရွေးချယ်ခွင့်ပြုသွားမယ်လို့ ဖီဖာက ယနေ့ (အောက်တိုဘာ ၃၁ ရက်) ပြောပါတယ်။ ယမန်နှစ်အထိ နှစ်စဉ် ကျင်းပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို ပြင်သစ်မဂ္ဂဇင်း France Football နဲ့ ပူးပေါင်းပြုလုပ်ခဲ့ပြီး Ballon d'Or အမည်ဖြင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play
၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုရှင် မက်ဆီ


ယခုအခါမှာတော့ ဖီဖာရဲ့ဆုကို 'The Best FIFA Football Awards' လို့ အမည်ပြောင်းလဲထားပြီး ပြင်သစ်မဂ္ဂဇင်းနဲ့ ပူးပေါင်းမှုကိုလည်း ရပ်နားခဲ့ပါတယ်။

ဖီဖာရဲ့ အကောင်းဆုံး ဘောလုံးကစားသမားဆု ရွေးချယ်မှု နည်းစနစ်သစ်အရ ဆန္ဒမဲတစ်ဝက်ကို ကမ္ဘာ့နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ ဘောလုံးကစားသမားနဲ့ နည်းပြများက မဲပေးရွေးချယ်မှာဖြစ်ပြီး ကျန်တစ်ဝက်ကို ပရိသတ်တွေက အွန်လိုင်းမှတစ်ဆင့် မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ရွေးချယ်ရာမှာ ကစားသမား၊ နည်းပြနဲ့ ပရိသတ်တွေက ရွေးချယ်သွားမှာဖြစ်တာကြောင့် ယခင်ကထက်ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်လာမယ်လို့ ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ