Sports: ဆူဇူကီးဖလားပြိုင်ပွဲ လုံခြုံရေးတင်းကြပ်ပြီး စီစီတီဗွီ ၅၀ တပ်မယ်

, updated

လုံခြုံရေးအင်အား ၂၅၀၀ လောက်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ လုံခြုံရေးတင်းကျပ်မှာဖြစ်ပြီး ကွင်းထဲမှာလည်း စီစီတီဗွီ ကင်မရာအလုံး ၅၀ တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

ပြိုင်ပွဲအတွက် လုံခြုံရေးအင်အား ၂၅၀၀ လောက်အသုံးပြုသွားမယ်လို့ သိရပြီး ကင်မရာတွေက တစ်ဆင့် ပရိသတ်တွေကို စောင့်ကြည့်သွားမှာဖြစ်ကာ ကွင်းထဲကို  အရာဝတ္တုတွေနဲ့ ပစ်ပေါက်ခြင်း၊ ကွင်းထဲက ပစ္စည်းတွေကို ဖျက်ဆီးတာတွေပြုလုပ်ရင် ချက်ချင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ထပ်ကျင်းပမယ့် ပွဲတွေကိုကြည့်ရှုခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

play

 

ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ဈေးနူန်းတွေကို အထူးတန်း ငါးထောင်ကျပ်၊ ရိုးရိုးတန်းသုံး ထောင်ကျပ် သတ်မှတ်ထားပြီး ညနေ ၃ နာရီ ပွဲနဲ့ ၆ နာရီပွဲ နှစ်ပွဲ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲလက်မှတ်တွေကို နိုဝင်ဘာ ၁၇ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့ ပဒုမ္မာကွင်းတွေမှာ ဝယ်ယူရရှိနိုင်အောင် စီစဉ်ထားကာ လက်မှတ်ဝယ်ယူရာမှာ မှတ်ပုံတင်တစ်ခုကို လက်မှတ်နှစ်စောင်ပဲ ဝယ်ယူခွင့်ရှိမှာဖြစ်ပြီး ပရိသတ်တွေအတွက် ဘတ်စ်ကားတွေ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ