Sports: နေမာကို ထောင်ဒဏ် ၂ နှစ်ချရန် စပိန်အစိုးရရှေ့နေများ တောင်းဆို

နေမာရဲ့ အပြောင်းအရွှေ့ အမှုကိစ္စဟာ ၎င်းရဲ့အပြောင်းအရွှေ့ဆိုင်ရာ ရပိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ဘရာဇီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအုပ်စု DIS က ဖွင့်ချခဲ့ရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။

play
ဘာစီလိုနာစတား တိုက်စစ်မှူးနေမာ


စပိန်နိုင်ငံမှ အစိုးရှေ့နေတွေက ဘာစီလိုနာအသင်း တိုက်စစ်မှူးနေမာကို ၎င်းရဲ့အပြောင်းအရွှေ့ကိစ္စမှာ မရိုးမသား ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ရန် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ်က ဘရာဇီးကလပ် ဆန်းတို့စ်မှ စပိန်ထိပ်သီး ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့မှုမှာ နေမာက မရိုးမသား ဆောင်ရွက်ခဲ့မှုကြောင့် ၎င်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်ရန် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၂ ရက်) က တင်သွင်းခဲ့တဲ့ တရားရုံးအမှုတွဲအရ သိရှိရပါတယ်။

play
ဘာစီလိုနာဥက္ကဋ္ဌဟောင်း စန်ဒရိုရော့ဆဲလ်နှင့် နေမာ


ထို့အတူ နေမာရဲ့ အပြောင်းအရွှေ့ မရိုးသားမှုနဲ့ ပတ်သက်ပြီး ယခင် ဘာစီလိုနာဥက္ကဋ္ဌ စန်ဒရိုရော့ဆဲလ်ကိုလည်း ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ကြေးငွေ ပေါင်စတာလင် ၇.၁၉ သန်း ချမှတ်ရန် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ လက်ရှိ ဘာစီလိုနာဥက္ကဋ္ဌ မာရီယာဘာတိုမီကို စွဲချက်တင်ထားမှုတွေကိုတော့ ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

play


နေမာရဲ့ အပြောင်းအရွှေ့ အမှုကိစ္စဟာ ၎င်းရဲ့အပြောင်းအရွှေ့ ရပိုင်ခွင့်တွေကို ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ဘရာဇီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအုပ်စု DIS က ဖွင့်ချခဲ့ရာမှ စတင်ခဲ့တာဖြစ်ပါတယ်။

DIS ရဲ့ အဆိုအရ ၎င်းတို့ဟာ ခံစားခွင့်ငွေကြေးကို ရသင့်တာထက် လျော့နည်းရရှိခဲ့ကြောင်းနဲ့ ဘာစီလိုနာက နေမာရဲ့ အမှန်တစ်ကယ် ပြောင်းရွှေ့ကြေးပမာဏကို ဖုံးကွယ်ထားခဲ့ကြောင်း ပြောကြားထားပါတယ်။ ယခုသတင်းနဲ့ပတ်သက်ပြီး နေမာရဲ့ကိုယ်စားလှယ်နဲ့ ဘာစီလိုနာကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ဘူးလို့ ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ