AD
AD
AD
play


ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘေးလ်ဟာ အင်္ဂါနေ့ညက စပို့တင်းလစ္စဘွန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့စဉ် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

play


ဘေးလ်ရဲ့ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာရခဲ့ကြောင်း ရီးရဲလ်အသင်းက အတည်ပြုခဲ့ပေမဲ့ အသင်းမှာပါဝင်နိုင်ခြင်း မရှိမယ့် အချိန်ကာလကို ပြောကြားခဲ့ခြင်း မရှိပါဘူး။

လာမယ့် ဒီဇင်ဘာ ၃ ရက် (စနေနေ့) မှာ စပိန်လာလီဂါ အဓိကပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ အယ်လ်ကလက်စီကို ပွဲစဉ်အဖြစ် ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play


ဘေးလ်ဟာ ယခုနှစ် သြဂုတ်လမှစပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပွဲစဉ် ၂၀ ပါဝင်ကစားခဲ့ပြီး စုစုပေါင်း ၁၁ ဂိုး သွင်းယူထားပါတယ်။ ဘေးလ်နဲ့ ရီးရဲလ်အသင်းတို့ကြား စာချုပ်သက်တမ်းတိုး ချုပ်ဆိုမှုကိုလည်း အောက်တိုဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါစာချုပ်အရ ဘေးလ်ဟာ စပိန်ကလပ်အသင်းမှာ ၂၀၂၂ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD