Sports: ၂၀၁၆ ခုနှစ်အတွက် ရယ်စရာအကောင်းဆုံး အားကစား ဓာတ်ပုံ ၁၁ ပုံ

, updated

အားကစားလောကရဲ့ ရယ်စရာအခိုက်အတန့်အချို့ကို မှတ်တမ်းတင်ခဲ့မိတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

အရယ်ရဆုံး အားကစားပရိသတ်များ

ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၆ ဟာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။  ကုန်ဆုံးတော့မယ့် ၂၀၁၆ ခုနှစ်ဟာ သာမန်နှစ်တစ်နှစ်ဆိုတာထက် ပိုခဲ့ပြီး အထူးသဖြင့် အားကစားလောကမှာလည်း ထူးခြားအဖြစ်အပျက်များစွာ မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဓာတ်ပုံဆရာတွေ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အားကစားလောကအတွင်းက ဓာတ်ပုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

၁။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒီပုံထဲမှာ ရယ်စရာမပါဝင်ပါဘူး။ ဒါပေမယ့်ဂွါဒီယိုလာ အပါအဝင် သူ့ရဲ့အသင်းသားတွေနဲ့အတူ အဝေးကွင်းပွဲစဉ်သွားကန်တဲ့အခါ ဒီလိုဆင်တူယူနီဖောင်းတွေ ဝတ်ဆင်ခဲ့ကြတာပါ။ X Factor ပြိုင်ပွဲဝင်ပြိုင်တဲ့ လူငယ်တွေလို ဒီဇိုင်းမျိုးနဲ့ ဖြစ်နေတဲ့အတွက် အလှောင်ခံခဲ့ရပါတယ်။

play

 

၂။ အိုလံပစ် အမျိုးသမီးမီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ဘဟားမားစ်နိုင်ငံက အပြေးသမား မီလာဟာ ပြိုင်ဘက်ကိုအသာရဖို့ ပန်းဝင်ခါနီး ဒီလိုဒိုင်ဗင်ထိုးလိုက်တာပါ။

play

 

၃။ ဒဏ်ရာကြောင့် ထွက်ရတော့မယ့်အချိန်မှာ ရော်နယ်ဒိုက ငိုကြွေးနေစဉ် ပေါ့ဂ်ဘာက ပေါ်တူဂီကစားသမားရဲ့ တင်ပါးကို နောက်ပြောင်ပြီး ကန်ဖို့ ချိန်ရွယ်နေတဲ့ပုံပါ။

play

 

၎။ ယူရိုပြိုင်ပွဲမှာ ဝေးလ်အသင်းရဲ့ အသင်းလိုက်ဓာတ်ပုံဟာ အတော်လေးထူးခြားပါတယ်။ ရယ်စရာလိုလည်း ဖြစ်နေခဲ့ပါတယ်။

play

 

၅။ ထူးထူးခြားခြားခြား ကျင်းပခဲ့တဲ့ ရွှံ့နွံဘောလုံးပြိုင်ပွဲ ဖြစ်ပါတယ်။

play

 

၆။ အိုလံပစ် ပြိုင်ပွဲဝင် ဒိုင်ဗင်သမားတစ်ဦးရဲ့ ပုံရိပ်ကို အမိအရ ဖမ်းယူထားတာပါ။ အားကစားပြိုင်ပွဲတွေမှာ ဒီလို ရယ်စရာကောင်းတဲ့ ပုံတွေအမြဲ တွေ့ရလေ့ရှိပါတယ်။

play

 

၇။ ဂျမေကာ အပြေးချန်ပီယံ အူစိန်ဘို့လ်ရဲ့ စွမ်းရည်ကို ဒီဓာတ်ပုံထဲမှာ တွေ့နိုင်ပါတယ်။ ပြိုင်ဘက်တွေထက် အမြဲခြေတစ်လှမ်းဦးနေတဲ့ အပြေးသမားဆိုတာ ထပ်ပြီးသက်သေပြစရာမလိုတဲ့ ဓာတ်ပုံပါ။

play

 

၈။ အမေရိကန် ထိပ်တန်းဂေါ့ဖ်ရိုက်သမား ရစ်ကီဖောင်လာနဲ့ သူ့ရဲ့အဖွဲ့သားစုံတွဲတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play

 

၉။ မန်ယူနဲ့ အာဆင်နယ်အသင်း ပွဲစဉ်မှာ နည်းပြလူးဝစ္စဗန်ဟားလ်က ဒိုင်လူကြီးကို စောဒကတက်တဲ့နေရာမှာ အမူအရာနဲ့ပါ သရုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။

play

 

၁၀။ ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုပေးပွဲက ဓာတ်ပုံဖြစ်ပါတယ်။ မျက်နှာအမူအရာတွေက အဓိပ္ပါယ်များစွာ ရှိနေပါတယ်။

play

 

၁၁။ အလွန်တည်ကန်ဘော ကန်မယ့်သသူက ဝက်စ်ဟမ်းကစားသမား ပေယက်လား၊ ကွင်းလယ်ဒိုင်လားမသဲကွဲတဲ့ ဓာတ်ပုံပါ။ ကွင်းလယ်ဒိုင်က ရော်နယ်ဒို ဖရီးကစ်ကန်မယ့် စတိုင်နဲ့ပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ