Sports: ဝင်ဘယ်ဒန်ချန်ပီယံ ချက်တင်းနစ်မယ် ဓားဒဏ်ရာရ

ချက်တင်းနစ်မယ် ကေဗစ်တိုဗာဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းမှာ ချန်ပီယံဆု ရရှိထားသူဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။

play


ဝင်ဘယ်ဒန်ချန်ပီယံဆုကို နှစ်ကြိမ်ရရှိထားတဲ့ တင်းနစ်မယ် ပက်ထရာ ကေဗစ်တိုဗာ သူမရဲ့နေအိမ်မှာ ဓားဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ချက်ရီပတ်ဘလစ်နိုင်ငံ ပရိုစတီဂျော့ဗ်ရှိ သူမရဲ့နေအိမ်မှာ ဓားဖြင့်တိုက်ခိုက်ခံရပြီး ကေဗစ်တိုဗာရဲ့ ဘယ်ဖက်လက်မှာ ဓားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ဝင်ဘယ်ဒန်ချန်ပီယံ ကေဗစ်တိုဗာ


ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) က သူမရဲ့နေအိမ်ကို ဖောက်ထွင်းခိုးယူသူနဲ့ ကေဗစ်တိုဗာတို့ ထိပ်တိုက်တွေ့ပြီး အိမ်ဖောက်ထွင်းသူက ဓားဖြင့်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ယခုဖြစ်ရပ်ဟာ ကေဗစ်တိုဗာကို ပစ်မှတ်ထားခဲ့တာမျိုး မဟုတ်ဘဲ ရာဇဝဝတ်မှုကျူးလွန်းသူက ကြုံရာနေအိမ်ကို ဖောက်ထွင်းခိုးယူခဲ့တာဖြစ်ကြောင်း သူမရဲ့ကိုယ်စားလှယ်က ပြောပါတယ်။

play


အသက် ၂၆ နှစ်အရွယ် ချက်တင်းနစ်မယ်ဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းမှာ ချန်ပီယံဆုရရှိထားသူဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁၁ မှာ ရပ်တည်နေကြောင်း သိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ