Sports: ရီးရဲလ်အသင်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်မှုကာလ လျှော့ချ

ပြစ်ဒဏ်လျှော့ပေါ့မှုအရ ရီးရဲလ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူနိုင်တော့မှာပါ။

play


အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမား စာချုပ်ခေါ်ယူမှုကြောင့် စပိန်လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အပေါ် ချမှတ်ထားတဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ထားမှုကို အပြောင်းအရွှေ့ရာသီတစ်ခုအဖြစ် လျှော့ချသတ်မှတ်ပေးလိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်က Court of Arbitration for Sport (CAS) ထံ အယူခံဝင်ခဲ့ပြီးနောက် ကစားသားဝယ်ယူခွင့် ပိတ်ပင်မှုကာလကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

2016 Club World Cup ချန်ပီယံ ရီးရဲလ်မက်ဒရစ်


မူလက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ရီးရဲလ်ကို အပြောင်းအရွှေ့ရာသီနှစ်ခုမှာ ကစားသမားဝယ်ယူခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ ပြစ်ဒဏ်လျှော့ပေါ့မှုအရ ရီးရဲလ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူနိုင်တော့မှာပါ။ ရီးရဲလ်ကို ချမှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေါင်စတာလင် ၂၈၂,၀၀၀ ကိုလည်း ၁၈၈,၀၀၀ သို့ လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။

play


စပိန်လာလီဂါမှ ရီးရဲလ်နဲ့ ပြိုင်ဘက် အသလက်တီကို အသင်းတို့ကို သတ်မှတ်စည်းမျဉ်းစည်းကမ်း ချိုးဖောက်ပြီး အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမားများ စာချုပ်ခေါ်ယူမှုကြောင့် FIFA က ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အသလက်တီကိုအပေါ် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ထားတဲ့ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး သတင်းများကိုမူ မကြားသိရသေးကြောင်း ဘီဘီက ဖော်ပြပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ