Sports: ငယ်ချစ်ဦးနဲ့ လက်ထပ်လိုက်တဲ့ တီဗက်ဇ်

တီဗက်ဇ်နဲ့ ငယ်ချစ်ဦး ဗင်နီဆာတို့ဟာ တီဗက်ဇ် ၁၃ နှစ်သား အရွယ်ကတည်းက စတင်တွေ့ဆုံခဲ့ကြတာပါ။

play


အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ငယ်ချစ်ဦးနဲ့ ဆန်အစ်စီဒရိုမှာ ဒီဇင်ဘာ ၂၂ ရက်က မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ အာဂျင်တီးနားမြို့တော် ဗျူနိုအေရီစ်အနီး ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ ပရီးမီးယားလိဂ် ကစားသမားဟောင်း တီဗက်ဇ်ကို အပြာနုရောင်ဝတ်စုံဖြင့် ပျော်ရွှင်နေတာ တွေ့ရပါတယ်။

ကားလို့စ်တီဗက်ဖ် မင်္ဂလာပွဲ


တိုက်စစ်မှူးတီဗက်ဇ်ဟာ ငယ်ချစ်ဦးဖြစ်တဲ့ ဗင်နီဆာမန်ဆီလာနဲ့ မင်္ဂလာပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် တီဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းမှ ထွက်ခွာပြီး တရုတ်စူပါလိဂ် ကလပ်အသင်း ရှန်ဟိုင်းရှန်ဟွာကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။ တီဗက်ဇ်ဟာ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ လုပ်ခလစာ တစ်ပတ်လျှင် ပေါင်စတာလင် ၆၁၅,၀၀၀ ရရှိမယ်လို့လည်း သိရပါတယ်။

play


တီဗက်ဇ်နဲ့ ငယ်ချစ်ဦး ဗင်နီဆာတို့ဟာ တီဗက်ဇ် ၁၃ နှစ်သား အရွယ်ကတည်းက စတင်တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ တီဗက်ဇ်ဟာ ကိုရင်သီယန်၊ ဝက်စ်ဟမ်း၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးနဲ့ ဂျူဗင်တပ် အသင်းတို့မှာ ပြောင်းရွှေ့ကစားခဲ့တဲ ဝါရင့်တိုက်စစ်မှူးလည်းဖြစ်ပြီး ၎င်းရဲ့ကစာသမား သက်တမ်းတစ်လျှောက် ငယ်ချစ်ဦးနဲ့သာ ခိုင်ခိုင်မြဲမြဲ လက်တွဲခဲ့သူပါ။

play


တီဗက်ဇ်က တရုတ်ကလပ်အသင်းကို မပြောင်းရွှေ့မီ ငယ်ချစ်ဦးနဲ့ မင်္ဂလာပွဲကို ဧည့်ပရိသတ် ၂၆၀ နဲ့အတူ ကျင်းပခဲ့တာပါ။ တီဗက်ဇ်နဲ့ ဗင်နီဆာတို့မှာ ဖလော်ရင်စီယာနဲ့ ကေတီ အမည်ရှိ သမီးနှစ်ဦကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ