AD
AD
AD

အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အဓိက ကစားသမားအများစု အနားပေးသွားမယ်လို့ မော်ရင်ဟိုက အတည်ပြုလိုက်ပါတယ်။

play

 

ဆယ်တာဗီဂိုအသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့သာ အနိုင်ရထားတာကြောင့် ဒုတိယအကျော့မှာ မန်ယူအသင်း ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ယခုတစ်ပတ် တနင်္ဂနွေနေ့ တွေ့ရမယ့်ပွဲစဉ်ကလည်း အဆင့်-၄ ဝင်ခွင့်ရဖို့ အရေးကြီးပေမယ့် ကစားသမားတွေကို အနားပေးသွားမယ်လို့ မော်ရင်ဟိုက အတည်ပြုလိုက်တာဖြစ်ပါတယ်။

 

" ပွဲဆက်များများ ကစားရတဲ့ ကစားသမားတွေ၊ မိနစ်အတော်များများ ကစားရတဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဧပြီလအတွင်းမှာ ကျွန်တော်တို့ ကိုးပွဲ ကစားခဲ့ရတယ်။ အခု ဒါနဲ့(ဆယ်တာဗီဂိုနှင့်ပွဲ) ဆိုရင် ဆယ်ပွဲရှိပါပြီ။ လေးပတ်ခွဲအတွင်း ဆယ်ပွဲကစားခဲ့ရတာပေါ့။ ဒါကြောင့် ပွဲဆက်များများ ကစားထားတဲ့ ကစားသမားတွေကို ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ပွဲထွက်ခိုင်းမှာ မဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ယူရိုပါလိဂ် ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

play

 

ဆယ်တာဗီဂိုနဲ့ ပွဲစဉ်မှာ မန်ယူအသင်းက ရက်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာ ထပ်တိုးလာခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အက်ရှ်လေယန်း ဒဏ်ရာရသွားတဲ့အတွက် လူစားလဲခဲ့ရပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်သုံးပတ်အတွင်း မန်ယူအသင်းမှာ ဒဏ်ရာပြဿနာများစွာ ရင်ဆိုင်ခဲ့ရသလို အီဘရာဟီမိုဗစ်ခ်ျ၊ လုခ်ရှောနဲ့ ရိုဟိုတို့က ရာသီကုန်အထိ ပွဲစဉ်တွေ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD