AD
AD
AD

ဖလွိုက်မေဝဲလ်သာဟာ လက်ဝှေ့ထိုးသတ်မှုနေ ဝင်ငွေသန်းချီရရုံသမက လောင်းကစားလုပ်ခြင်းကနေလည်း ဒေါ်လာသိန်းချီ ဝင်ငွေရလျှက်ရှိပါတယ်။

play

 

သူက ပါတီပွဲတွေကို နှစ်သက်သူဖြစ်ပြီး ဖော်ချွတ်အကမယ်တွေများစွာနဲ့ အိမ်မှာ မကြာခဏ ပါတီလုပ်တတ်သူ ဖြစ်ပါတယ်။ အခုတော့ လောင်းကစားခြင်းက ရတဲ့ဒေါ်လာသိန်းချီ ငွေတွေကို မေဝဲလ်သာက လူမှုကွန်ယက်ပေါ်တင်ပြီး ကြွားလုံးထုတ်လိုက်ပြန်ပါပြီ။ သူ့ရဲ့ ဂျက်လေယာဉ်ပေါ်မှာ ထိုင်နေရင်း လက်ထဲမှာ ဒေါ်လာသိန်းချီရှိပြီး ရှိတဲ့ ပိုက်ဆံထုတ်ကို ကိုင်ထားခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံကို မေဝဲလ်သာက အင်စတာဂရမ်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။

play

 

" မနေ့ညက isaiah thomas  ဘက်ကနေ ငါလောင်းကြေးထပ်ခဲ့တယ်" ဆိုပြီး သူ့ရဲ့ ဓာတ်ပုံမှာ စာရေးသားဖော်ပြထားပါတယ်။ Isaiah Thomas ဆို အမေရိကန်ဘတ်စကတ်ဘော ဘော်စတွန်ဆဲလ်တစ်အသင်းရဲ့ ကြယ်ပွင့် ဘတ်စ်ကတ်ဘောကစားသမား ဖြစ်ပါတယ်။ မေဝဲလ်သာ လက်ထဲမှာ ကိုင်ထားတဲ့ ပိုက်ဆံတွေဟာ ဒေါ်လာတစ်ရာတန်တွေဖြစ်တဲ့အတွက် ခန့်မှန်းတွက်ချက်မှုအရ ဒေါ်လာ သုံးသိန်းခွဲဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

 

သူကပါတီတွေလုပ်တဲ့အခါမှာလည်း စက္ကူငွေတွေကို လူတွေမြင်အောင် မကြာခဏ ပြသလေ့ရှိပါတယ်။ ယခုတစ်ပတ်အတွင်း မေဝဲလ်သာက အဆိုတော် မာရီယာကာရေးနဲ့အတူ ကယ်လီဖိုးနီယားမှာရှိတဲ့ CATCH နိုက်ကလပ်မှာ အတူတကွ ရှိခဲ့ပြီးနောက် လောင်းကစားလုပ်တဲ့အခါ အနိုင်ရခဲ့တာဖြစ်ပါတယ်။ မာရီယာကာရေးနဲ့ သူရဲ့ခင်ပွန်းဟောင်းအပြင် မေဝဲလ်သာလည်း ပါဝင်ပြီး အတူတကွ နိုက်ကလပ်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာ မေဝဲလ်သာက ယူအက်ဖ်စီပြိုင်ပွဲ့ နာမည်ကျော် တိုက်ခိုက်ရေးသမား မက်ဂရက်ဂါနဲ့ ထိုးသတ်ဖို့ အပြီးသတ်ဆွေးနွေးလျှက်ရှိပါတယ်။ ဒီနှစ်ဦးရဲ့ ပွဲစဉ်ဟာ ပက်ကွီယိုမေဝဲလ်သာနောက်ပိုင်း စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ် ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD