Sports: ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ပထမဆုံး အမျိုးသမီးဒိုင်လူကြီး ခန့်အပ်

ဘီဘီယန်နာက ဂျာမန်ပြည်တွင်းလိဂ် ဒုတိယတန်းအဆင့်မှာ ဒိုင်လူကြီးအဖြစ် ၆ နှစ်ကြာ ဆောင်ရွက်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ ပထမဆုံး အမျိုးသမီးဒိုင်လူကြီး ဘီဘီယန်နာ


ဂျာမန်ဘွန်ဒက်စ်လီဂါ ဘောလုံးပြိုင်ပွဲတွေကို ကြီးကြပ်မယ့် ပထမဆုံး အမျိုးသမီးဒိုင်လူကြီး ရှိလာတော့မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်တွေကို ကြီးကြပ်မယ့် ဒိုင်လူကြီးအသစ် ၄ ဦးအနက် အမျိးသမီးဒိုင်လူကြီး ဘီဘီယန်နာ စတိန်းဟော့စ် ပါဝင်လာကြောင်း သိရပါတယ်။

play


အသက် ၃၈ နှစ်အရွယ် ဘီဘီယန်နာဟာ ယခင် ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်ရဲ့ လက်တွဲဖော်လည်း ဖြစ်ပါတယ်။ သူမက ဂျာမန်ပြည်တွင်းလိဂ် ဒုတိယတန်းအဆင့်မှာ ဒိုင်လူကြီးအဖြစ် ၆ နှစ်ကြာ ဆောင်ရွက်ခဲ့ပါတယ်။ ဂျာမန်ပြည်တွင်းလိဂ် ဒုတိယတန်းအဆင့် ပွဲစဉ်ပေါင်း ၈၀ ကို ဘီဘီယန်နာက ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရပါတယ်။

play
ဟောင်းဝပ်ဝက်ဘ်နှင့် ဘီဘီယန်နာ


"ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ပထမဆုံး အမျိုးသမီးဒိုင်လူကြီး ဖြစ်လာတဲ့ ကျွန်မကို မီဒီယာနဲ့ ပရိသတ်တွေက အနီးကပ် စောင့်ကြည့်ကြမယ်ဆိုတာ ကျွန်မ သိပါတယ်" လို့ ဘီဘီယန်နာက ပြောပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ဒိုင်လူကြီးဖြစ်ခွင့်ရခြင်းဟာ အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာမှုနဲ့ သူမ မျှော်လင့်နေတဲ့ အလုပ်ဖြစ်ကြောင်းလည်း ဘီဘီယန်နာက ဖွင့်ဟခဲ့ပါတယ်။

play


"အင်္ဂလန်မှာ အရည်အချင်းကောင်းတဲ့ အမျိုးသမီး ဒိုင်လူကြီးအချို့ ရှိပါတယ်၊ နောက်ထပ်လည်း အမျိုးသမီးဒိုင်တွေ ရှိလာပါတယ်၊ တစ်ကယ်လို့ သူတို့မှာသာ စွမ်းဆောင်ရည်ရှိတယ်ဆိုရင် အမျိုးသားနဲ့ အမျိုးသမီး ဒိုင်လူကြီးကြား ကွားခြားမှုမရှိနိုင်ပါဘူး" လို့ ထင်ရှားတဲ့ ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်က ဆိုပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ပထမဆုံး အမျိုးသမီးဒိုင်လူကြီး ဖြစ်လာတဲ့ ဘီဘီယန်နာဟာ ဇွန်လ ၁ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် အမျိုးသမီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ကိုင်တွယ်သွားမယ်လို့လည်း သိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ