AD
AD
AD
play


ရီးရဲလ်မက်ဒရစ် ကစားသမားတွေက ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် မတိုင်မီ အားလပ်ရက် အနားယူနေခဲ့ကြပါတယ်။ လာလီဂါပွဲစဉ်များ ပြီးဆုံးပြီးနောက် စပိန်ဘုရင့်ဖလားမှလည်း ထွက်ခွာခဲ့ရတဲ့ ရီးရဲလ်ကစားသမားတွေအတွက် ယခုရက်ပိုင်းအတွင်း ပွဲစဉ်မရှိဘဲ အားလပ်ရပ်ရနေတာ ဖြစ်ပါတယ်။

play


ရာမို့စ်၊ ဗက်စ်ကွက်ဇ်နဲ့ နာဗက်စ်တို့က ၎င်းတို့ရဲ့ ချစ်သူတွေနဲ့အတူ တနင်္ဂနွေနေ့ (မေလ ၂၈ ရက်) ညပိုင်းမှာ ဝိုင်သောက်ရင်း အနားယူခဲ့ကြတာ တွေ့ရပါတယ်။ ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၄ ကြိမ်မြောက် ပါဝင်ကစားရမယ့်နေ့မတိုင်မီ ရွက်လှေတစ်စီးပေါ်မှာ အေးအေးလူလူ အနားယူနေတဲ့ပုံတွေကို ၎င်းရဲ့ Instagram မှာ တင်ခဲ့ပါတယ်။

play


ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလည်း ရေကူးကန်တစ်ကန်ဘေး နေရောင်အောက်မှာ ပေါ့ပေါ့ပါးပါး တွေ့ရပါတယ်။ တိုက်စစ်မှူး ဘန်ဇီးမားကတော့ နေအိမ်မှာ စန္ဒရားတီးရင်း အပန်းဖြေနေခဲ့ပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာကလည်း ၎င်းရဲ့ချစ်သူ မော်ဒယ်နဲ့ ဖက်ရှင်ဒီဇိုင်နာ အဲလစ်ကမ်ပယ်လိုနဲ့အတူ အနားယူရင်း ပျော်ရွှင်နေခဲ့ပါတယ်။

play


နောက်ခံ ကစားသမားတွေဖြစ်တဲ့ ဒန်နီလိုနဲ့ မာဆယ်လိုတို့ကတော့ ရေကူးကန်ဘေးမှာ ဘောလုံးကစားရင်း၊ စားပွဲတင်တင်းနစ်ကစားရင်း အပန်းဖြေနေခဲ့ကြပါတယ်။

play


ခရိုအေးရှား ကွင်းလယ်လူ မတ်တီယို ကိုဗက်စစ်ကလည်း ရေကူးကန်မှာ သူငယ်ချင်းတွေနဲ့အတူ အေးအေးလူလူ အနားယူနေတာကို တွေ့ရပါတယ်။ ရီးရဲလ်နဲ့ ဂျူဗင်တပ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် မေလ ၄ ရက်၊ နံနက် ၁း၁၅ မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD