Sports: ဘောလုံးပွဲစဉ်အတွင်း ပြိုင်ဘက်တိုက်စစ်မှူးကို အပ်ဖြင့်ထိုးခဲ့ကြောင်း ဝန်ခံလိုက်တဲ့ နောက်ခံလူ

နောက်ခံကစားသမား ဖက်ဒါရီကိုကတော့ ကစားသမားတွေဟာ နိုင်ဖို့အတွက် ပါးနပ်ရမယ်လို့ ဆိုပါတယ်။

Sport Pacifico 3 - 2 Estudiantes

 
အာဂျင်တီးနား ဘောလုံးကစားသမားတစ်ဦးဟာ ဘောလုံးပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားကို အပ်ဖြင့်ထိုးခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက် ၎င်းကို ကလပ်အသင်းက ထုတ်ပယ်ရန်စီစဉ်နေကြောင်း သိရပါတယ်။

အာဂျင်တီးနား ကလပ်အသင်း Sport Pacifico မှ နောက်ခံလူ ဖက်ဒါရီကို အလန်ဒီက ဘောလုံးပွဲစဉ်အတွင်း ၎င်းရဲ့ ခြေသလုံးအကာတွေထဲမှာ အပ် ၂ ချောင်း သိုဝှက်ယူဆောင်လာခဲ့တယ်လို့ ပြောပါတယ်။

play


Sport Pacifico နဲ့ အဆင်မြင့်တန်းမှ ဘောလုံးကလပ် Estudiantes တို့ တနင်္ဂနွေနေ့ (ဇွန်လ ၁၁ ရက်) က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအာဂျင်တီးနား ဖလားပွဲစဉ်အတွင်း Sport Pacifico နောက်ခံကစားသမား ဖက်ဒါရီကိုက တစ်ဖက်အသင်းမှ တိုက်စစ်မှူး ဂျူအန်အော့တီရိုကို ပစ်မှတ်ထားပြီး အပ်ဖြင့်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

play


အဆိုပါ ပွဲစဉ်မှာ ဖက်ဒါရီကိုရဲ့ Sport Pacifico အသင်းကို Estudiantes ကို ၃ ဂိုး ၂ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။ Sport Pacifico အသင်းဟာ အာဂျင်တီးနား ပြည်တွင်းလိဂ်တွေမှာ အောက်တန်းအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဖက်ဒါရီကိုရဲ့ ယခုလုပ်ရပ်ကြောင့် ၎င်းကို ကလပ်အသင်းကနေ ထုတ်ပယ်သွားမယ်လို့ Pacifico ဥက္ကဋ္ဌ ဟက်တာမွန်ကာဒါက ပြောကြားထားပါတယ်။

play


"ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်၊ သူ့လုပ်ရပ်က အသင်းရဲ့ဂုဏ်ကို ထိခိုက်စေပါတယ်၊ ကျွန်တော် သူ့ကို အသင်းကနေ ထုတ်ပယ်သွားမှာပါ" လို့ မွန်ကာဒါက Clarin သတင်းစာကို ပြောပါတယ်။ Sport Pacifico နောက်ခံကစားသမား ဖက်ဒါရီကိုကတော့ ကစားသမားတွေဟာ နိုင်ဖို့အတွက် ပါးနပ်ရမယ်လို့ ဆိုပါတယ်။

ဖက်ဒါရီကိုကို ရေဒီယိုအစီအစဉ်တစ်ခုက တနင်္ဂနွေနေ့ပွဲစဉ်မှာ Estudiantes အသင်းကို အနိုင်ရခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပြောကြားပေးရန် ဖိတ်ခေါ်ခဲ့စဉ်အတွင်း ၎င်းက ပြိုင်ဘက်အသင်း တိုက်စစ်မှူးကို အပ်ဖြင့်ထိုးခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ရာ ဘောလုံးပရိသတ်များ အံ့အားသင့်ခဲ့ကြရပါတယ်။ ကိုပါအာဂျင်တီးနားမှာ Estudiantes ကို အနိုင်ရခဲ့ခြင်းက Sport Pacifico အတွက် သမိုင်းမှတ်တမ်းသစ်လည်း ဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ