Sports: ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာတော့မလား

ရော်နယ်ဒိုဟာ စပိန်မှာ အခွန်တိမ်းရှောင်ခဲ့ကြောင်း ၎င်းအပေါ် စွပ်စွဲမှုတွေကို အလွန်စိတ်ပျက်နေပါတယ်။

ချန်ပီယံလိဂ်ဆုဖလားရပြီး မက်ဒရစ်မှာ အောင်ပွဲခံခဲ့တဲ့ ရီးရဲလ်


ရီးရဲလ်မက်ဒရစ်စတား ခရစ္စတီယာနို ရော်နယ်ဒိုက အခွန်တိမ်းရှောင်ခဲ့ကြောင်း ၎င်းအပေါ် စွပ်စွဲမှုတွေ ရှိလာခဲ့ပြီးနောက် ရီးရဲလ်အသင်းနဲ့ စပိန်နိုင်ငံမှ ထွက်ခွာလိုနေတယ်လို့ ဆိုပါတယ်။ အခွန်ရှောင်မှုဖြင့် တရားစွဲဆိုခံရပြီးနောက် ရော်နယ်ဒိုက ရီးရဲလ်နဲ့ စပိန်နိုင်ငံကို စွန့်ခွာရန်လိုလားနေကြောင်းကို ပေါ်တူဂီ နေ့စဉ်ထုတ် အားကစားသတင်း A Bola က ယနေ့ (ဇွန်လ ၁၆ ရက်) ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play


A Bola က အဆိုပါ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်ထံမှ ရရှိခဲ့ကြောင်းနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၄ ကြိမ်ရရှိထားတဲ့ အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုက ရီးရဲလ်အသင်းကို အပြောင်းအရွှေ့အတွက် ဆွေးနွေးသွားရန် ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

(ဆက်စပ်သတင်း - ရော်နယ်ဒို အမေရိကန်ဒေါ်လာ ၁၆ သန်း အခွန်တိမ်းရှောင်ခဲ့ဟုဆို)

play


ရော်နယ်ဒိုဟာ စပိန်မှာ အခွန်တိမ်းရှောင်ခဲ့ကြောင်း ၎င်းအပေါ် စွပ်စွဲမှုတွေကို အလွန်စိတ်ပျက်နေကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ စပိန်အစိုးရထံ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကို ပေးဆောင်ခြင်းမပြုဘဲ တိမ်းရှောင်ခဲ့ကြောင်းဖြင့် တရားစွဲဆိုခံထားရပါတယ်။

ရ်ာနယ်ဒိုက ၎င်းရဲ့ ပုံရိပ်အသုံးပြုမှုကနေ ရရှိလာတဲ့ဝင်ငွေကို ထိမ်ချန်ထားရန်အတွက် စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမား ရော်နယ်ဒိုက ၎င်းအနေနဲ့ အခွန်ကိစ္စ စုံစမ်းစစ်ဆေးမှုတွေကို မစိုးရိမ်ကြောင်းနဲ့ ဖုံးကွယ်ထားစရာ ဘာမှမရှိကြောင်း အစောပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။

play


Forbes မဂ္ဂဇင်းရဲ့ စာရင်းတွေအရ ရော်နယ်ဒိုဟာ ကမ္ဘာ့လုပ်ခလစာအများဆုံး အားကစားသမားအဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်မှာ လုပ်ခလစာ၊ အပိုဆုကြေးနဲ့ အခြားဝင်ငွေအရပ်ရပ်မှ အမေရိကန်ဒေါ်လာ ၉၃ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်နဲ့အတူ ၂၀၁၂ ခုနှစ်နောက်ပိုင်း စပိန်လာလီဂါချန်ပီဆုကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကိုလည်း ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒ့ါအပြင် ရော်နယ်ဒိုက ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ စုစုပေါင်း သွင်းဂိုး ၁၀၅ ဂိုးဖြင့် စံချိန်တင်ခဲ့ပြီး ၎င်းနဲ့အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာအသင်းမှ မက်ဆီထက် ၁၁ ဂို ပိုများခဲ့ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ