AD
AD
AD

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက်ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နည်းပြ ကွန်တီက ဝန်ခံ ပြောကြားလိုက်ပြီဖြစ်ပါတယ်။

ယမန်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အပြီးမှာ  လက်ရှိအမှတ်ပေးချန်ပီယံ ချယ်လ်ဆီးက ဝက်စ်ဟမ်းအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ဒီရှုံးပွဲကြောင့် တနင်္ဂနွေကစားမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်မတိုင်မီမှာ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၁ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ ရာသီအစ ၁၆ ပွဲကစားပြီးချိန်မှာ လေးပွဲရှုံးသွားလို့ ချန်ပီယဆံဆုကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကွန်တီက ပြောတာပါ။

play

 

“ ၁၆ ပွဲကစားပြီး လေးပွဲ ရှုံးသွားတဲ့ အသင်းက အမှတ်ပေးချန်ပီယံ လမ်းကြောင်းထဲမှာ ဆက်ရှိနေတော့မှာ  မဟုတ်ပါဘူး။ အခု ရလဒ်တွေဆိုးနေတဲ့ ဝက်စ်ဟမ်းအသင်းကို ရှုံးတယ်။ အမှတ်ပေးဇယား အောက်ခြေက ခရစ္စတယ်ပဲလေ့စ်ကိုလည်း ရှုံးတယ်။ ဒီလိုပွဲမျိုးတွေမှာ အမှတ်ဆုံးရှုံးသွားတာကြောင့် ချန်ပီယံဖြစ်ဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ နည်းပြကွန်တီက ပြောခဲ့တာဖြစ်ပါတယ်။

play

 

ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်ရှိနေချင်တဲ့အသင်းဟာ ရာသီပထမ နှစ်ဝက်မှာ တစ်ပွဲသို့မဟုတ် နှစ်ပွဲသာ ရှုံးခွင့်ရှိတယ်လို့ ကွန်တီကပြောပါတယ်။ ဒီနှစ်တော့ ရာသီအစ ရလဒ်ကောင်းတွေကို ချယ်လ်ဆီး ဘယ်လိုမှ မယူနိုင်ခဲ့ဘူးလို့ ကွန်တီက ဝန်ခံပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD