29th SEA Games: ဆီးဂိမ်းပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားစေတဲ့ အပြုအမူမျိုးတွေ မလုပ်မိစေဖို့ ဦးဇော်ဇော်မှာကြား

, updated

အားကစားမှာ ဘာသာ၊လူမျိုး၊အသားအရောင်ခွဲခြားတာ မရှိပါဘူး။ခွဲခြားဆံဆက်မှု လုံးဝမရှိတာကို အားကစား လို့ခေါ်တယ်။

မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၉ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် မြန်မာ့ လက်ရွေးစင် အမျိုးသား၊အမျိုးသမီး ဘောလုံးအသင်းတွေအနေနဲ့ လူမျိုးရေးခွဲခြားစေမယ့် အပြုအမူမျိုးတွေ မလုပ်မိစေဖို့ မှာကြားခဲ့ ပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အနေနဲ့ ၂၉ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြ မယ့်  မြန်မာ့လက်ရွေးစင် အမျိုးသား၊အမျိုးသမီး ဘောလုံးအသင်းတွေကိုမနေ့က နိုဗိုတယ် ဟိုတယ်မှာ တွေ့ဆုံခဲ့ချိန်က အခုလို ထုတ်ဖော်ပြောခဲ့ခြင်းလည်း ဖြစ်ပါတယ်။

play

 

“တစ်တိုင်းပြည်လုံးက နိုင်ချင်တဲ့ ဒီပွဲကို ကျွန်တော်တို့ တာဝန်ကျေဖို့လိုပါတယ်။နည်းတဲ့ တာဝန်မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်း ဆုံးဖြစ်အောင်လုပ်မယ်၊အားလုံးညီညီညွတ်ညွတ်နဲ့ ဒီပွဲကို အဖြေကောင်းတစ်ခုရအောင် ထုတ်ပြီး ပြန်လာနိုင် အောင်ကြိုး စားကြမယ်။ အဲ့အချိန်ရောက်ရင် ကျွန်တော်တို့ အားလုံး တာဝန်ကျေပြီ။အရေးအ ကြီးဆုံးမှာချင်တာကတော့ မလေးရှားမှာ ကစားမှာဖြစ်တဲ့အတွက် အားလုံးရဲ့ အပြုအမူ အနေအထိုင်တွေ အရမ်း အရေးကြီးပါတယ်။မလိုလားအပ်တဲ့ ပြဿနာမျိုးတွေ မဖြစ်စေဖို့အတွက်လည်း ပြောချင် ပါတယ်။အားကစားမှာ ဘာသာ၊လူမျိုး၊အသားအရောင်ခွဲခြားတာ မရှိပါဘူး။ခွဲခြားဆံဆက်မှု လုံးဝမရှိတာကို အားကစားလို့ခေါ်တယ်။ အားကစားစိတ်ဓာတ်အပြည့်နဲ့ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပေးကြပါ။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မှာကြားခဲ့ပါတယ်။

play

 

လက်ရှိအချိန်မှာတော့ မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားအသင်းဟာ ယနေ့ နံနက်ပိုင်းက ရန်ကုန်အ ပြည်ပြည် ဆိုင်ရာ လေဆိပ် ကနေတဆင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကို ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး အမျိုးသမီး ဘောလုံးအသင်းအနေနဲ့ မနက်ဖြန် သြဂုတ်လ ၁၅ ရက်နေ့မှာ ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး