AD
AD
AD

မြန်မာ ယူ-၂၂ အသင်းရဲ့ နည်းပြချုပ် ဂတ်ဆီဇီကို လက်ရှိအချိန်မှာ ထုတ်ပယ်ဖို့ မဆောင်ရွက်သေးပဲ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကစားမယ့် ကာဂျစ္စတန်အသင်းနဲ့ အာရှဖလား ခြေစစ်ပွဲအပြီးတွင်မှ စဉ်းစားဆုံးဖြတ်သွားမယ် လို့ သိရပါတယ်။

play
နည်းပြချုပ် ဂတ်ဆီဇီနဲ့ နည်းပြအဖွဲ့(Photo-MFF)

 

နည်းပြချုပ် ဂတ်ဆီဇီအနေနဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းကို ဆီးဂိမ်း ဗိုလ်လုပွဲကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် အသင်းမှ ထုတ်ပယ်ဖို့ အစီအစဉ်နဲ့ ပက်သက်ပြီး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

"အခုချိန်မှာတော့ အသင်းကို ဆက်လက် တာဝန်ယူထားစေအုံးမှာပါ။ဘာလို့လည်း ဆိုတော့ ဆီးဂိမ်းပြိုင်ပွဲလည်း မပြီးသေးဘူး။နောက်ပြီး စက်တင်ဘာ ၅ ရက်နေ့မှာလည်း အာရှဖလား ခြေစစ်ပွဲ ကစားဖို့ ရှိနေသေးတယ်။ဒါကြောင့် ခုချိန်မှာတော့ သူ့ကိုပဲ ဆက်လက် တာဝန်ပေးသွားဖို့ ရှိပါသေးတယ်။ကာဂျစ္စတန်နဲ့ ပွဲပြီးရင်တော့ သူရဲ့အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်သွားဖို့တော့ ရှိပါတယ်" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။

 

နည်းပြချုပ် ဂတ်ဆီဇီအနေနဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သူ ဖြစ်သလို ၂၀၁၆ ဆူဇူကီးပြိုင်ပွဲမှာလည်း ၁၂ နှစ်ကြာဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်ကို ပြန်လည် တက်လှမ်းနိုင်အောင် စွမ်းဆောင် ပေးထား နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၎င်းကို ၂၀၁၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး လာမယ့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကစားမယ့် ကာဂျစ္စတန်နဲ့ အာရှဖလား ခြေစစ်ပွဲ ကစားမယ့် မြန်မာ့လက်ရွေးစင် အသင်းကို ပြန်လည် ကိုင်တွယ်မှာလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အာရှဖလား ခြေစစ်ပွဲအဖြစ် အိန္ဒိယအသင်းကို ၀-၁ နဲ့ ရှုံးနိမ့်ထားပေမယ့် မကာအိုအသင်းကိုမူ ၄-၀ နဲ့ အနိုင်ရရှိထားကာ နှစ်ပွဲကစား ၃ မှတ် ရရှိထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD