AD
AD
AD

မနက်ဖြန် သြဂုတ်လ ၂၉ ရက်နေ့မှာ အင်ဒိုနီးရှားအသင်းနဲ့ ကစားမယ့် တတိယနေရာ လုပွဲမှာ အနိုင်ကစားပြီး တတိယနေရာကို ရရှိအောင် ကြိုးစားသွားမယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

play
တတိယနေရာလုပွဲ သတင်းစာရှင်းလင်းပွဲမြင်ကွင်း(Photo-MFF)

 

ယနေ့ ပြုလုပ်ခဲ့တဲ့ တတိယနေရာလုပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ယခုလို ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပြီး -" ဗိုလ်လုပွဲမတက်ခဲ့လို့ တိုင်းပြည်အတွက် ရွှေမယူပေးနိုင်ခဲ့တဲ့အတွက် အားလုံး ၀မ်းနည်းကြရတာ သိပါတယ်။တတိယနေရာလုပွဲမှာတော့ ကျွန်တော်တို့ ညီညွတ်မှု အပြည့်နဲ့ အင်ဒိုကို အနိုင်ယူပြီး ဆုတံဆိပ် ယူပြီး ပြန်မှာပါ။"လို့ နည်းပြချုပ် ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး သန်းပိုင်ကလည်း -"ကျွန်တော်တို့ ပရိသတ်တွေငိုကြဝမ်းနည်းကြတာမြင်လို့ အရမ်းခံစားရပါတယ်။ ဒါမျိုး နောက်ထပ် မမြင်ရစေဖို့ ကျွန်တော်တို့ ဆက်ကြိုးစားပါမယ်။ အင်ဒိုနီးရှားကို အနိုင်ယူပြီး တတိယဆု သယ်ဆောင်လာဖို့ တစ်သင်းလုံး အစွမ်းကုန်ကြိုးစား သွားမှာပါ။

 

မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့မှာ ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်အသင်းတွေကို နောက်ကျဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရတဲ့အသင်းများဖြစ်ပြီး မြန်မာအသင်းက ထိုင်းအသင်းကို ၁-၀ ဂိုးနဲ့လည်းကောင်း၊အင်ဒိုနီးရှားအသင်းက မလေးရှားအသင်းကို၁-၀ ဂိုးနဲ့လည်းကောင်း အသီးသီး ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

တတိယနေရာလုပွဲကိုတော့ မနက်ဖြန် သြဂုတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD