မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လက်ခံကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ထည့်သွင်းကျင်းပနေတဲ့ ပန်ကြပ်ဆီလပ်အားကစားနည်းတွင် မလေးရှားအသင်းအနေနဲ့ ရမှတ်များ ရရှိမှုများ လိမ်လည်ရယူခဲ့တာဖြစ်ပြီး မတရားသဖြင့် နိုင်ပွဲရရှိခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှားအသင်းက စွပ်စွဲပြောဆိုခဲ့ပါတယ်။

play

 

"ဒါဟာ လုံးဝ မှန်ကန်တဲ့ ရလဒ်မဟုတ်ခဲ့ပါဘူး။ဘယ်တုန်းကမှ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှာ ဒီလို ရလဒ် မထွက်ပေါ်ခဲ့ဖူးပါဘူး။" လို့ နည်းပြပရာဘိုဝိုက အင်ဒိုနီးရှား သတင်းဝက်ဘ်ဆိုဒ် တစ်ခုကို ပြောခဲ့ပါတယ်။

"သူတို့အဆင့်နဲ့ ဘယ်တုန်းကမှ တတိယနေရာအတွက်တောင်မထိုက်တန်ခဲ့ပါဘူး။စတုတ္ထနေရာအတွက်လည်း ဝေးပါသေးတယ်။ ကျွန်တော် သိနေခဲ့ပါတယ်၊သူတို့ လိမ်လည်ညစ်ပတ်လိမ့်မယ်လို့။ဒါဟာ အားကစားသမားတွေအတွက်လုံးဝမကောင်းပါဘူး။ဒါပေမယ့် ကျွန်တော်တို့ ဒီရလဒ်ကိုတော့ လက်ခံခဲ့ရပါပြီ။လုံးဝ မဖြစ်နိုင်တဲ့ ရလဒ်ပါ။ကျွန်တော်တို့သူတို့နဲ့ဆုံတာတစ်ကြိမ်တစ်ခါမကတော့ပါဘူး။ကျန်ခဲ့တဲ့ တွေ့ဆုံမှု (၅)ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ကသာ အသာစီးရခဲ့တာချည်းပါပဲ။သူတို့ ဘယ်တော့မှ အမြင့်ကို မရောက်နိုင်ပါဘူး။"လို့ ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

 

အင်ဒိုနီးရှားရဲ့ ကစားသမားများအနေနဲ့ ချန်ပီယံဆုကို ကာကွယ်ခဲ့ပေမယ့် မလေးရှားအသင်းကို ၅၅၄ မှတ်၊ ၅၈၂ မှတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ အင်ဒိုနီးရှားနိုင်ငံအလံကို ဇောက်ထိုးဖော်ပြခဲ့မိတာကြောင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် အင်ဒိုနီးရှား နိုင်ငံကို တောင်းပန်မှု ပြုလုပ်ခဲ့ရသလို၊ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင်ပွဲမှာလည်း အိမ်ရှင်မလေးရှားအသင်းဖက်ကို မျက်နှာလိုက်မှုကြောင့် ပွဲကစားချိန်အတွင်းအင်ဒိုနီးရှားအမျိုးသမီးအသင်းအနေနဲ့ ပြိုင်ပွဲမှ ထွက်ခွာခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက် ယခုတစ်ကြိမ်မှာလည်း ပန်ကြပ်ဆီလပ် ပြိုင်ပွဲမှာ မလေးရှားအသင်းအနေနဲ့ ရမှတ်တွေလိမ်လည်ရယူနေတယ်လို့ အင်ဒိုနီးရှားအသင်းက စွပ်စွဲမှုတစ်ရပ် ထပ်မံ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source-Channel Newsasia/AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video