AD
AD
AD

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုစာရင်းကို ဖော်ပြခဲ့ရာမှာ အလံနဲ့ နိုင်ငံအမည်များကို လွဲမှား စွာ ဖော်ပြမိခဲ့တဲ့အတွက် မလေးရှား ရုပ်သံလိုင်းမှ General - Diretor Datuk Abu Bakar Ab Rahim က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

play
နိုင်ငံအမည်နဲ့ အလံတွေကို မှားယွင်းဖော်ပြခဲ့တဲ့ ဆုတံဆိပ် ရရှိမှုဇယား

 

"ကျွန်တော်တို့ ဆုတံဆိပ် ရရှိမှု စာရင်းကို အဆက်မပြတ် ဖော်ပြပေးနိုင်ဖို့ ကြိုးပမ်းနေစဉ်မှာ error ဖြစ်သွားခဲ့တာပါ။အဲ့ဒီအတွက် နိုင်ငံအားလုံး ကို တောင်းပန်ပါတယ်။အခုလိုအမှားမျိုးကို နမူနာယူပြီး နောက်ထပ် မမှားအောင် ကြိုးပမ်းသွားပါ့မယ်" လို့ ၎င်းက မလေးရှားသတင်းစာ the star ကို ပြောခဲ့ပါတယ်။

အဆိုပါဆုတံဆိပ်ဇယားဖော်ပြမှုတွင်မှားယွင်းဖော်ပြမိခဲ့တဲ့နိုင်ငံ၈နိုင်ငံရှိခဲ့ပြီးမြန်မာ၊ဖိလစ်ပိုင်၊ဗီယက်နမ်၊စင်ကာပူ၊ထိုင်း၊အင်ဒိုနီးရှား၊ကမ္ဘောဒီး ယားနဲ့ လာအိုနိုင်ငံတို့ကို အမည်နဲ့ နိုင်ငံအလံပြောင်းပြန် ဖော်ပြခဲ့မိတာလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းကာလအတွင်း အမှားအယွင်းများစွာကို ပြုလုပ်ခဲ့မိပြီး အကြိမ်ကြိမ် တောင်းပန်းမှုများ ပြန်လည် ပြုလုပ်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။

Postby

Source- THE STRAITS TIME

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD