၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား မြက်ခင်းပြင် ဟော်ကီအသင်းသည် လက်ရှိအချိန်မှာတော့ ဗိုလ်လုပွဲကို တက်ရောက်နေပြီ ဖြစ်ပါတယ်။

play

 

ယခု ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ဟော်ကီအသင်းကို ပါကစ္စတန်နိုင်ငံသား နည်းပြ မစ္စတာ ဇာဟစ် အလီက ကိုင်တွယ်နေတာဖြစ်ပြီး ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"ကျွန်တော်တို့ အခုလို ဗိုလ်လုပွဲအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ရခြင်းရဲ့အဓိက အားသာချက်တော့ တပ်မတော်သား အားကစားသမားများကြောင့်လို့ဆိုရပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အသင်းဟာတပ်မတော်သားတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အခြားအသင်းတွေထက် လေ့ကျင့်မှုအပိုင်းမှာ စိတ်ဓါတ်နဲ့စည်းကမ်းမြင့်မားကောင်းမွန်မှုကို ရရှိခဲ့တယ်လို့ ယုံကြည်ပါတယ်။ဒါကြောင့်လည်း သမိုင်းတစ်လျှောက် ဗိုလ်လုပွဲကို အခုလိုပဲ ထိုက်ထိုက် တန်တန် တက်ရောက်နိုင်ခဲ့ရတာ ဖြစ်ပါတယ်။" လို့ နည်းပြ မစ္စတာ ဇာဟစ် အလီက ပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းချိန်မှ စတင်၍ ယနေ့အချိန်ထိ နည်းပြ၊ဒိုင်လူကြီးနဲ့ ကစားသမား (၉၀)ရာခိုင်နှုန်းမှာ တပ်မတော်ကြည်း၊ရေ၊လေမှ တပ်မတော်သားများ ဖြစ်ခဲ့ပြီး လက်ရှိ ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့အသင်းမှာလည်း အုပ်ချုပ်​/နည်းပြ ၄ ဦး၊ ကစားသမား ၁၈ ဦး၊ စုစု​ပေါင်း ၂၂ ဦးတွင်​ ကြည်းတပ်​ မှ အားကစားသမား/နည်းပြ စစ်​သည်​ ၁၅ ဦး၊ ​ရေတပ်​ မှ အားကစားသမား စစ်သည်၁ ဦး၊ ​လေတပ်​ မှ အားကစားသမား/နည်းပြစစ်သည် (၂)ဦး၊အား/ကာမှ အုပ်ချုပ်သူ(၁)ဦး၊နည်းပြ(၂)ဦးနဲ့ လူငယ် အားကစားသမား(၁)ဦးတို့ ပါဝင်တယ်လို့လည်းသိရပါတယ်။

Postby

 

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီမှာတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၈၅)မှာရှိနေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား မြက်ခင်းပြင် ဟော်ကီအသင်းအနေနဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁၂ မှာရှိတဲ့အိမ်ရှင်မလေးရှားလက်ရွေးစင် မြက်ခင်း ပြင်ဟော်ကီအသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source- Myanmar Hockey Federation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video