မလေးရှားနိုင်ငံက လက်ခံကျင်းပလျက်ရှိနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အာဆီယံ ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိနေပါတယ်။

play

 

လက်ရှိအချိန်မှာတော့ အိမ်ရှင်မလေးရှားနိုင်ငံက ရွှေတံဆိပ် ဆု အများဆုံးရရှိထားပြီး အဆင့်ရပ်တည်မှု အဆင့်(၁)မှာ ရပ်တည်ထားနိုင်ခဲ့ ပါတယ်။

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တိုက်ကွမ်ဒို အမျိုးသမီး ၄၆ ကီလိုတန်းမှာတော့ အရှေ့တီမောက အင်ဒိုနီးရှာနဲ့အတူ ပူးပွဲတတိယရရှိကာ ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ပထမဆုံး ဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အရှေ့တီမောအနေနဲ့ မလေးရှား ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်းပေါင်း ၉ မျိုးကို ကစားသမားပေါင်း ၅၀ နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသမီး ၄၆ ကီလိုတန်း တိုက်ကွမ်ဒိုပြိုင်ပွဲမှာသာလျှင် ဆုတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အရှေ့တီမောမှာ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ် ၁ ခု ကြေးတံဆိပ် ၁ ခု စုစုပေါင်း ၂ ဆုရရှိထားခဲ့တာကြောင့် အဆိုပါ စံချိန်ကို မချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းနဲ့ ၂၀၁၁ ဂျာကာတာ ဆီးဂိမ်းပွဲတွေမှာတော့ အရှေ့တီမောအနေနဲ့ ရွှေတံဆိပ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video