AD
AD
AD

မြန်မာအသင်းဟာ ဒီကနေ့ ပွဲမှာ ဆီမီးဖိုင်နယ်ပွဲတုန်း လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခြင်းမရှိပဲ ထပ်မံပွဲထွက်လာခဲ့ပါတယ်။

play

 

ပွဲစတယ်ဆိုတာနဲ့ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့ကြပြီး မြန်မာအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့ပါတယ်။ပွဲကစားချိန် ၁၆ မိနစ်မှာတော့ တိုက်စစ်မှူးအောင်သူ ညာခြမ်းကနေ ဆွဲဝင်လာပြီး ဂိုးသမား ဘယ်ဖက်ထောင့်ကို အပိုင်ကန်သွင်းဖို့ကြိုးစားခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ဦးဆောင်ဂိုးနဲ့လွဲခဲ့ရပါတယ်။တောက်လျှောက်ဆိုသလိုပဲ မြန်မာအသင်း ဆက်လက် တိုက်စစ်ဆင်လာခဲ့ရာ အောင်သူ၊စည်သူအောင်၊ မောင်မောင်လွင်တို့ တွဲလုံးကတဆင့် ဂိုးကန်သွင်းခွင့် ရရှိခဲ့သော်လည်းအင်ဒိုနီးရှား ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

၂၁ မိနစ်အရောက်မှာတော့ နန်းဝေမင်းရဲ့ ပါးပါးနပ်နပ် လက်ပစ်ပေးရာမှ မောင်မောင်လွင် ညာခြမ်းတောက်လျှောက်ဆွဲဝင်လာခဲ့ပြီး အသင့်ရှိနေတဲ့ သန်းပိုင်ကို ခင်းပေးရာမှာတော့ တိုက်စစ်မှူး သန်းပိုင် အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ တော့ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို မာမာထန်ထန် ပြန်လည်တုံ့ပြန်ကစားခဲ့တာကြောင့် မြန်မာကစားသမားများ အနည်းငယ် ချိတ်ဆက် ကစားနိုင်မှု အားနည်းခဲ့ရပါတယ်။ ပွဲကစားချိန် ၅၆ မိနစ်မှာတော့ အင်ဒိုနီးရှားအသင်း ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ပြီး မြန်မာနောက်ခံလူ ဟိန်းသီဟဇော်နဲ့ ထိပြီး လမ်းကြောင်းပြောင်း ၀င်သွားခဲ့တာ ဖြစ်ပါတယ်။

 

ဆက်တိုက်ဆိုသလိုပဲ အင်ဒိုနီးရှားအသင်းက တိုက်စစ်ဆင်လာခဲ့ရာ ၅၈ မိနစ်မှာတော့ ၁၈ ကိုက်စည်းအပြင်ကနေ အမှတ်မထင်အ ပြင်းကန် သွင်းရာ ဂိုးသမား ဆန်းဆက်နိုင် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပဲ ဂိုးပေးလိုက်ရပါတယ်။

ဦးဆောင်ဂိုး ပြန်ပေးလိုက်ရတာကြောင့် မြန်မာအသင်းအနေနဲ့ စိတ်ဓာတ်အနည်းငယ်ကျသွားခဲ့ပြီး အင်ဒိုနီးရှားအသင်းက ဆက်တိုက် ဖိအားပေး ကစားလာနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာတော့ အင်ဒိုနီရှားအသင်း တတိယ ဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး အဝေးကန်ချက်နဲ့ပဲ ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ချေပဂိုးများ ပြန်လည် ရရှိဖို့ မြန်မာအသင်း တိုက်စစ်ဆင်ခဲ့ပေမယ့် သန်းပိုင် ရဲ့ ကန်သွင်းချက်နှစ်လုံးကို အင်ဒိုဂိုးသမား ကာကွယ် နိုင်ခဲ့တာ ကြောင့်လည်း မြန်မာအသင်း ချေပဂိုး ပြန်လည်မရရှိခဲ့ပဲ ပွဲချိန် ၉၀+၄ မိနစ်မှာတော့ ညာနောက်ခံလူနန်းဝေမင်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံ့ခဲ့ရပါတယ်။ပွဲအပြီးမှာတော့ ၃-၁ ဂိုးနဲ့ အင်ဒိုနီးရှားအသင်းက အနိုင်ရရှိပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD