၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့အမျိုးသား ဘောလုံးပွဲစဉ် ဗိုလ်လုပွဲကို ယနေ့ ညနေ ၇ နာရီ ၁၅ မိနစ်က ထိုင်းအသင်းနဲ့ အိမ်ရှင်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ချန် ပီယံ ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ထောင့်ကန်ဘောမှတဆင့် မလေးဂိုးသမား ပုတ်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ရာမှ ထိုင်းအသင်း ဦးဆောင်ဂိုးရရှိခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်အထိ အဆိုပါ ဦးဆောင်ဂိုးကို ထိန်းထားနိုင်ခဲ့တာကြောင့် ထိုင်းအသင်းအနေနဲ့ ၃ ကြိမ်ဆက် ချန်ပီယံလည်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအသင်းမှာ ၂၀၁၃ မြန်မာ ဆီးဂိမ်းမှာတစ်ကြိမ်၊၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာ တစ်ကြိမ်နဲ့ ယခု ၂၀၁၇ မလေးရှား ဆီးဂိမ်းမှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ဆက် ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မလေးရှားအသင်းကတော့ ဆီးဂိမ်းအိမ်ရှင်တွေရဲ့ကံကြမ္မာဆိုးကို မရှောင်လွှဲနိုင်ခဲ့ပဲ ချန်ပီယံ ဆုနဲ့ လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။

play

 

ယခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အားခဲပြင်ဆင်လာခဲ့တဲ့ မြန်မာအသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရသလို အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ပြစ်ဒဏ်ကနေ ပြန်လည်ကင်းလွတ်လာခဲ့တဲ့ အင်ဒိုနီးရှားအသင်းကတော့ တတိယ ကြေးတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video