AD
AD
AD

ကျင်းပပြီးစီးခဲ့တဲ့ ၂၉ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့တဲ့ ထိုင်းအသင်း အတွက် ပွဲစဉ်တစ်လျှောက် အခက်အခဲဆုံး ပြိုင်ဖက်မှာ မြန်မာအသင်းသာ ဖြစ်တယ်လို့ ထိုင်းမန်နေဂျာဝါတာနာဝန်ဂိုပါစီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

play

 

"ကျွန်မငိုနေခဲ့မိတယ်။ဘာလို့လဲဆိုတော့ အရမ်းကို ပျော်စရာကောင်းခဲ့တဲ့ နိုင်ပွဲတစ်ပွဲကြောင့်ပါ။ကျန်ခဲ့တဲ့ စိတ်မကောင်းစရာအချိန်တွေကို ပြန်မမှတ်မိချင်တော့ဘူး။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျွန်မတို့ ရွှေရဖို့ ကြိုးစားခဲ့တာပါ။  နောက်ဆုံးတော့ ရယူနိုင်ခဲ့ပါပြီ။" လို့ ၀ါတာနာက Vn Express သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

play

 

ဆက်လက်ပြီး ပြိုင်ပွဲတစ်လျှောက် အခက်အခဲဆုံးပြိုင်ဖက်မှာ ဘယ်အသင်းဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းပေါ်မှာတော့ -" တစ်ကယ့်ကို အခက်ခဲ ဆုံးပွဲစဉ်ကတော့ မြန်မာအသင်းနဲ့ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ်လို့ပဲ ဆိုရမှာပါ။သူတို့ ကစားသမား တွေအကုန်လုံးနီးပါးက သန်မာပြီး လျှင်မြန် တယ်။ဒီတော့ ကျွန်မတို့ ပြန်ခံကစားခဲ့ရတယ်။ အရမ်းကိုခက်ခဲခဲ့ရပါတယ်။" လို့ ၀ါတာနာက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ ထိုင်းအသင်းအနေနဲ့ အိမ်ရှင်မလေးရှားအသင်းကိ အနိုင်ရရှိပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သလို ၃ နှစ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။

Postby

Source-FOOTBALL TRIBE

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD