AD
AD
AD
play

 

မန်ယူအသင်းနဲ့အတူ ဘောလုံးသမိုင်းမှာ စံချိန်တင်စပွန်ဆာ စာချုပ်ချုပ်ဆိုထားတဲ့ Adidas ကုမ္ပဏီက မန်ယူရဲ့ ငြီးငွေ့ဖွယ်ဖြစ်နေတဲ့ ကစားပုံအပေါ် ဝေဖန်လိုက်ပါတယ်။ အခုမန်ယူအသင်းရဲ့ ကစားပုံဟာ Adidas ကုမ္ပက မြင်ချင်တဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ ကုမ္ပဏီ စီအီးအို ဟားဘတ်ဟိုင်နာက ပြောလိုက်တာပါ။

Adidas နဲ့ မန်ယူဟာ ဂျာစီစပွန်ဆာကြေးအတွက် ပေါင်သန်း ၇၅၀ တန်ဖိုးရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာ ဘောလုံးလောက်ရဲ့ စပွန်ဆာ သမိုင်းမှာတော့ အမြင့်မားဆုံးပါ။ စပွန်ဆာစာချုပ်က သက်တမ်း ၁၀ နှစ်ဖြစ်ပါတယ်။

play

 

နောက်ဆုံး ၁၅ ပွဲကစားထားရမှာ ၁၂ ဂိုးပဲ သွင်းထားနိုင်တဲ့ နည်းပြဗန်ဟားလ်ရဲ့ မန်ယူအသင်းက ကစားပုံဟာ ပျင်းစရာကောင်းတယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း တစ်ပွဲမှ နိုင်ပွဲမရဲခဲ့ ပြန်ပါဘူး။ မန်ယူအနေနဲ့ ပိုကောင်းတဲ့ ကစားပုံမျိုး မြင်ရဖို့ မျှော်လင့်တယ်လို့ Adidas စီအီးအို က ပြောပါတယ်။

Source : espn

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD