Sports: ပီတာ ချက် လက်အိတ်ကို ချယ်လ်ဆီး အသင်းရှိ မှားပြီး ပို့ခဲ့တဲ့ Adidas

ပြန်ပို့ပေးခဲ့တဲ့ လက်အိတ်နဲ့ ပေးဂိုးမရှိ စံချိန်ကို ပီတာချက် တစ်ယောက် ဒီတစ်ပတ် အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့အခါမှာ ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာကတော့…..။

play

 

အာဆင်နယ်အသင်းပြောင်းသွားတဲ့ အသက် ၃၃ နှစ် အရွယ် ဂိုးသမား ပီတာချက် ကို ချယ်လ်ဆီး အသင်းနဲ့ အမြဲတွဲပြီး မြင်နေတာကတော့ မထူးဆန်းပါဘူး။

ဒါပေမယ့် ကမ္ဘာ့နာမည်ကြီး အားကစားပစ္စည်း အမှတ်တံဆိပ် Adidas ကတော့ ပီတာချက် အာဆင်နယ်အသင်းကို ပြောင်းသွားပြီဆိုတာ သိပုံတောင် မရပါဘူး။

play

 

Adidas ဟာ ဒီတစ်ပတ် အာဆင်နယ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပီတာချက်ရဲ့ လက်အိတ်တွေကို ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို မှားပြီးတော့ ပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် ကံကောင်းစွာပဲ ချယ်လ်ဆီးက ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဂန္တာဝင်ကစားသမားဟောင်းကြီးရဲ့ လက်အိတ်တွေကို အချိန်မီ ပြန်လည်ပေးပို့ခဲ့ပါတယ်။

play

 

သူတို့ပြန်ပို့ပေးခဲ့တဲ့ လက်အိတ်နဲ့ ပေးဂိုးမရှိ စံချိန်ကို ပီတာချက် တစ်ယောက် ဒီတစ်ပတ် အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့အခါမှာ ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာကတော့…..။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ