Sports: ဒုတိယအကြိမ် AIR KBZ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ကျင်းပမည်

ဝင်ကြေးအဖြစ် ငွေကျပ် ၁ဝ,ဝဝဝ၊ ငွေကျပ် ၂ဝ,ဝဝဝ နှင့် ငွေကျပ် ၃ဝ,ဝဝဝ သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်များကို ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ (၁၆၇) လမ်း အမှတ် (၃၁) ၌ ဝယ်ယူနိုင်ပြီဖြစ်သည်။

play

 

ဒုတိယအကြိမ် AIR KBZ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂ဝ) ရက် (တနင်္ဂနွေနေ့) မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ မြန်မာ့ရိုးရာလက်ဝှေ့အားကစားပြိုင်ပွဲရုံ၌ ကျင်းပမည်ဖြစ်သည်။

play

 

အဆိုပါ လက်ဝှေ့ပွဲတွင် ထွန်းထွန်းမင်း(မြန်မာ)နှင့် ဆိုင်းရပ် (အမေရိကန်)တို့၏ တွဲဆိုင်းနှင့်အတူ ကြယ်စင်ဖြိုး (အဖြူရောင် သွေးသစ်)နှင့် ဝမ်းစတား(ရွှေဖူး)၊ စောမင်းအောင် (တောင်ကလေး)နှင့် စိုးထက်ဦး (အဖြူရောင်သွေးသစ်) အပါအဝင် အခြား တွဲဆိုင်းလေးတွဲတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ဝင်ကြေးအဖြစ် ငွေကျပ် ၁ဝ,ဝဝဝ၊ ငွေကျပ် ၂ဝ,ဝဝဝ နှင့် ငွေကျပ် ၃ဝ,ဝဝဝ သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်များကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ (၁၆၇) လမ်း အမှတ် (၃၁) ၌ ဝယ်ယူနိုင်ပြီဖြစ်သည်။

 

Photo: Myanmar Traditional Boxing Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ