Analysis: နောဝှစ်ခ်ျ ၁-၁ အာဆင်နယ် ပွဲကရတဲ့ သင်ခန်းစာ (၅) ခု

, updated

အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ဖို့ အခွင့်အရေး ရှိပါလျက်နဲ့ မတက်နိုင်ခဲ့တဲ့ အာဆင်နယ် ရဲ့ သရေပွဲစဉ်ကို လေ့လာထားပါတယ်။

play

ထိပ်ဆုံးကိုရောက်နိုင်တဲ့ အခွင့်အရေးရခဲ့ပေမယ့် မယူနိုင်ခဲ့ပါဘူး

မန်ယူနဲ့ လက်စတာက သရေကျရလဒ်ထွက်လာတဲ့ အချိန်မှာ နောဝှစ်ခ်ျနဲ့ ကစားခဲ့ရတဲ့ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ပိုင်းကို တက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမဲ့လည်း အသုံးမချနိုင်ခဲ့ပါဘူး။ အိုဇေးရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်သာ အနိုင်ရခဲ့မယ်ဆိုရင် ဇယားထိပ်ဆုံးကို ရောက်သွားတဲ့ မန်စီးတီးနဲ့ရမှတ်တူမှာ ဖြစ်ပါတယ်။

နောဝှစ်ခ်ျကို အာဆင်နယ်သရေကျခဲ့တဲ့ပွဲစဉ်ကနေ ကျွန်တော်တို့ ရခဲ့တဲ့ သင်ခန်းစာ ၅ ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ခံစစ်အားနည်းလှတဲ့ အာဆင်နယ်

play

ကိုစီရယ်နီထွက်သွားပြီးနောက် အာဆင်နယ် အခက်တွေ့ခဲ့ရပါတယ်

အာဆင်နယ်ရဲ့ ခံစစ်က ချန်ပီယံဖြစ်မယ့်အသင်းတစ်သင်းရဲ့ ခံစစ်မျိုးမဟုတ်ဘူးဆိုတာ ဒီပွဲမှာ သက်သေပြလိုက်တာပါပဲ။ နောက်ခံလူ ကိုစီရယ်နီ ဒဏ်ရာကြောင့် ပွဲချိန် ၁၁ မိနစ်မှာပဲ ဂါဘရီရယ်နဲ့ လူစားလဲလိုက်ချိန်မှာ အာဆင်နယ် နောက်တန်းဟာ အမှားတွေ များလာပါတော့တယ်။ နောက်ဝှစ်ခ်ျကို ပေးလိုက်ရတဲ့ ဂိုးက လူစားဝင် ကစားသူ ဂါဘရီရယ်ရဲ့ ပေါ့ဆမှုကြောင့်ပါ။ မာတီဆက်တာ တစ်ယောက်တည်း အလုပ်မဖြစ်တဲ့အချိန်မှာ ခံစစ်ထက် တိုက်စစ်ကိုပိုပြီး လိုက်ပါတတ်တဲ့ ဘယ်လာရင်ကြောင့် ခံစစ်က ပိုပြီးအားနည်းလာရပါတယ်။

၂။ ဖလားမရနိုင်သေးတဲ့ အာဆင်နယ်

play

ဒီနှစ်လည်း အာဆင်နယ် ဖလားရဖို့ မနီးစပ်သေးပါဘူး

ဒီလိုပြောရင်တော့ အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်ကြမှာပါ။ ဒါပေမယ့် ဒီရာသီမှာလည်း အာဆင်နယ် ဖလားမရနိုင်သေးဘူးလို့ ဆိုရမှာပါ။ လက်ရှိမှာ ထိပ်ဆုံးကမန်စီးတီးနဲ့ နှစ်မှတ်ပဲ ကွာတယ်ဆိုရင်တောင်မှ အိုဇေးနဲ့ ဆန်းချက်ဇ်ကိုသာ အားကိုးနေရတဲ့ အာဆင်နယ် ဖလားရဖို့ မလွယ်သေးပါဘူး။ ဝဲလ်ကော့၊ ကိုကွီလင်းနဲ့ ဝီရှိုင်းယားတို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတာကလည်း အာဆင်နယ်ကို အခက်တွေ့စေပါတယ်။

၃။ ဒဏ်ရာ ပြဿနာများတဲ့ အာဆင်နယ်

play

အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ နှစ်တိုင်းရုန်းကန်ရပါတယ်

ပရိသတ်တွေနဲ့ အားကစားကလောင်ရှင်တွေကတော့ အာဆင်နယ်ဆေးဝါးအဖွဲ့ကို အပြစ်တင်ကြပါတယ်။ ကစားသမားတွေ ကြံ့ခိုင်မှု မကောင်းပဲ မကြာခဏ ဒဏ်ရာရနေတာဟာ အသင်းရဲ့ ဆေးအဖွဲ့မ ကောင်းတာကြောင့်လို့ ပြောကြပါတယ်။ အခုလည်း ဆန်းချက်ဇ်နဲ့ ကိုစီရယ်နီတို့ ဒဏ်ရာစာရင်းထဲ ပါလာပြန်ပါပြီ။

၎။ အသင်းဂျာစီစပွန်ဆာ စိုးမိုးလွန်းခြင်း

play

မလိုအပ်ပဲ တတိယဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ

နောဝှစ်ခ်ျနဲ့ပွဲမှာ အာဆင်နယ်က တတိဝတ်စုံအပြာရောင်ကိုသာ ထုတ်ဝတ်သွားပါတယ်။ အသင်းရဲ့ဂျာစီစပွန်ဆာ ပူးမားနဲ့ ချုပ်ထားတဲ့ စာချုပ်အရ အာဆင်နယ်က ပွဲအတော်များများကို တက်နိုင်သလောက် ဒီအရောင်ဝတ်ပေးရမယ်ဆိုတဲ့ သဘောတူညီမှု ရှိထားလို့ပါပဲ။ အာဆင်နယ်ရဲ့ အနီနဲ့ အဖြူရောင် ရောင်ဂျာစီကိုသာ မြင်ချင်တဲ့ ပရိသတ်တွေကတော့ သိပ်ကြိုက်မယ်မထင်ပါဘူး။

၅။ နောဝှစ်ချေပဂိုးရှင် ဂရက်ဘန်အကြောင်း

play

ဒီရာသီ သူ့အတွက် ပထမဆုံးပွဲမှာ ဂိုးသွင်းခဲ့သူပါ

ဂရက်ဘန်က ဒီရာသီမှာ အခုမှ အသင်းအတွက် ပွဲထွက်ခဲ့ရတာဖြစ်ပါတယ်။ နွေရာသီတုန်းက  အသင်းပြောင်းဖို့ လုပ်ခဲ့တဲ့ ဂရက်ဘန်ကို ဒဏ်ပေးတဲ့အနေနဲ့ နည်းပြက ပွဲမထုတ်ပဲ ချန်ထားခဲ့တာပါ။ အခုတော့ ဂရက်ဘန်ကို နောဝှစ်ခ်ျ ပြန်သုံးရတော့မယ်ဆိုတာ သေချာသွားပါပြီ။

Source & Photos :www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ