AD
AD
AD
play

 

ပရီးမီးယားလိဂ်မှာ အချိန်အတန်ကြာ အဓိကပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ကို ဒီတစ်ပတ်ကြည့်ရဦးမှာပါ။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆန်းဒါးလန်းကိုရှုံးခဲ့တဲ့ မန်ယူအသင်းအတွက်လည်း ဒီပွဲဟာ ဖိအားတစ်ချို့ရှိနေပါသေးတယ်။ ဒီပွဲရလဒ်မကောင်းခဲ့ဘူးဆိုရင်တော့ မန်ယူအနေနဲ့ ရာသီအကုန် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အခွင့်အရေးဟာ ကုန်ဆုံးသွားတော့မှာပါ။

play

 

အာဆင်နယ်အတ်ွကတော့ ဒီပွဲဟာ ဖလားရဖို့ အရေးပါတဲ့ပွဲပါ။ အရင်ကလည်း ဒီလိုအချိန် မန်ယူနဲ့ တွေ့ဆုံခိုက်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အစဉ်အလာ အာဆင်နယ်မှာ ရှိပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူ -  အာဆင်နယ်ပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ မန်ယူပရိသတ်များအတွက် အားသာချက်

play

 

မစ်ဂျီလန်းနဲ့ နဲ့ပွဲမှာ ခြေစွမ်းပြထားတဲ့ လူငယ်ကစားသမားလေး ရှက်ရှ်ဖို့ဒ် ဒီပွဲမှာ ပါလာဖို့ ရှိပါတယ်။ မန်ယူအသင်းက နောက်ဆုံးနှစ်ပွဲမှာ ရှစ်ဂိုးအထိ သွင်းထားတာပါ။

၂။ အာဆင်နယ်ပရိသတ်များ အတွက် အားသာချက်

play

 

မန်ယူအသင်းမျာ ဒဏ်ရာရကစားသမားများစွာရှိနေပါတယ်။ မကြာသေးခင်က ဒဏ်ရာပြန်သက်သာပြီး ဂိုးသွင်းထားတဲ့ဝဲလ်ဘက် အသင်းဟောင်းနဲ့ပွဲ ခြေစွမ်းပြဖို့မျှော်လင့်နိုင်ပါတယ်။

၃။ နောက်ဆုံး ငါးကြိမ်တွေ့ဆုံမှု

play

 

နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုမှာ အာဆင်နယ်က နှစ်ကြိမ်နိုင်ပြီး မန်ယူက တစ်ကြိမ်ပဲ နိုင်ပါတယ်။ မန်ယူအိမ်ကွင်း နောက်ဆုံးနှစ်ကြိမ်မှာ အာဆင်နယ်ကို မနိုင်ထားပါဘူး။ ဒီရာသီ ပထမအကျော့မှာ အာဆင်နယ်က ၃-၀ ဂိုးနဲ့ နိုင်ထားပါတယ်။

၎။ အဓိက ကစားသမားများ

play

 

မန်ယူအသင်းဘက်မှာ ရက်ရှ်ဖို့ဒ်ပဲ တိုက်စစ်မှာ ပွဲထွက်ခိုင်းဖို့ ရှိပါတယ်။ အာဆင်နယ်ဘက်ကတော့ ဂျီရုဒ်ရော၊ ဝဲလ်ဘက်ပါ ပွဲထွက်လာနိုင်ပါတယ်။ ဒီကစားသမားတွေက ပွဲအဖြေကို ပြောင်းလဲပေးနိုင်မှာပါ။

၅။ ဒဏ်ရာရပွဲပယ်

play

play

 

မန်ယူအသင်းဘက်မှာ မာရှယ်နဲ့ စမောလင်းပါနိုင်ဖို့မသေချာ ဖြစ်နေပါတယ်။ ဒီဂီယာတော့ ဒီပွဲ ပြန်ပါလာနိုင်ပါတယ်။ အာဆင်နယ်ဘက်က နောက်ဆုံးဒဏ်ရာရသွားတာ ချိန်ဘာလိန်ဖြစ်ပါတယ်။

Source : Mirror

Photos : Daily Mail/ telegraph/DailyStars

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD