Sports: CR7 နာမည်နဲ့ ဟိုတယ်ဖွင့်မည့် ရော်နယ်ဒို

ဘောလုံးသမားဘဝက အနားယူရင် အဆင်သင့်ဖြစ်စေဖို့ ရော်နယ်ဒိုကတော့ ဟိုတယ်လုပ်ငန်းတွေဘက် ခြေဦးလှည့်လာပါပြီ။

play

 

ရီးရဲလ်မက်ဒရစ်ရဲ့နာမည်ကျော် ဘောလုံးသမား ရော်နယ်ဒိုဟာ ဘောလုံးကန်တဲ့အလုပ်အပြင် အခြားစီးပွားရေး လုပ်ငန်းများစွာရှိပေမယ့် အခုဟိုတယ်လုပ်ငန်းဘက် ခြေဦးလှည့်နေပြန်ပါပြီ။ ဘောလုံးသမားဘဝက အနားယူတဲ့အခါ ဟိုတယ်လုပ်ငန်းကို ဦးစီးလုပ်ကိုင်သွားဦးမယ့် အခြေအနေမှာ ရှိပါတယ်။

play

 

ရော်နယ်ဒိုက ထုံးစံအတိုင်း သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် CR7 နာမည်နဲ့ ဟိုတယ်တွေ ဖွင့်ဖို့ ခြေလှမ်းစနေပြီ ဖြစ်ပါတယ်။ အနည်းဆုံး ဟိုတယ်လေးလုံးလောက် ဖွင့်ဖို့ ရည်ရွယ်ထားပြီး သူ့ရဲ့ကစားသမား ဘဝဖြတ်သန်ခဲ့ရာ ပေါ်တူဂီက ဖွန်ရှယ်မြို့၊ လစ္စဘွန်မြို့နဲ့ မက်ဒရစ်မြို့တို့မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

play

 

နောက်တစ်ခါ နယူးယော့ခ်မြို့မှာလည်း CR7 နာမည်နဲ့ပဲ ဟိုတယ်တစ်လုံး ထပ်ဖွင့်ဦးမှာပါ။ အခု ပေါ်တူဂီရဲ့ ပက်စတာနာဟိုတယ်အုပ်စုနဲ့ အတူ ရော်နယ်ဒိုက ပူးတွဲဟိုတယ်ဖွင့်ဖို့ သဘောတူပြီးသွားပါပြီ။ သူက ရီးရဲလ်မက်ဒရစ်မှာ ထာဝရ စူပါစတားတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်တဲ့အတွက် အနာဂတ်ကို အခုလို ကြိုတင် စီမံကိန်းချရတာပါလို့ ရော်နယ်ဒိုက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ