AD
AD
AD
play


ဘောလုံးစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ CR7 အတွင်းခံကြော်ငြာ ပုံရိပ်တွေက တစ်မျိုးဆန်းနေပါတယ်။

play


ဒီတစ်ကြိမ် CR7 အမျိုးသားဝတ် အတွင်းခံအတွက် ကြော်ငြာဓာတ်ပုံက ရော်နယ်လ်ဒိုရဲ့ ခန္ဓာကိုယ်မှာ ဆေးရောင်စုံအမှုန့်တွေ ပက်ဖြန်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

ရော်နယ်လ်ဒိုက CR7 အတွင်းခံ ကြော်ငြာဓာတ်ပုံ ရိုက်ကွင်းက အမှတ်တရ ဓာတ်ပုံကိုလည်း အင်စတာဂရမ်မှာ လွှင့်တင်ပြီး ပရိသတ်တွေနဲ့ မျှဝေခဲ့ပါသေးတယ်။ ရော်နယ်ဒိုရဲ့ အင်စတာဂရမ် ဓာတ်ပုံကို Like လုပ်ထားသူ တစ်သန်းကျော် ရှိပါတယ်။

play

ရော်နယ်လ်ဒိုရဲ့ သန်စွမ်းကျစ်လစ်တဲ့ ခန္ဓာကိုယ်က ပျိုမေတွေ ရင်ခုန်ချင်စရာပါ။ စပိန်ထိပ်သီး ဘောလုံးကလပ် ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်လ်ဒိုဟာ ယခုနှစ် လာလီဂါ ဘောလုံးရာသီမှာ စုစုပေါင်း ၂၃ ပွဲကစားပြီး ၁၉ ဂိုးအထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

play


ဒါ့ပြင် အခြား ကစားဖော်တွေ ဂိုးသွင်းနိုင်ဖို့အတွက် ထောက်ပံ့ပေးမှု ၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး ဂိုးကန်သွင်းမှု စုစုပေါင်း ၁၄၃ ကြိမ်အထိ ရှိခဲ့ပါတယ်။
Source & Photo: Ronaldo Instagram, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD