EPL: ဖယ်လိုင်နီ နှင့် ရောဘတ်ဟုသ် သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေကို နှစ်ဦးလုံး လွဲချော်တော့မှာပါ။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ မှာ ပြစ်ဒဏ် အသီးသီး ကျူးလွန်ခဲ့ကြတဲ့ မန်ယူကစားသမား ဖယ်လိုင်နီနဲ့ လက်စတာကစားသမား ရောဘတ်ဟုသ်တို့ကို သုံးပွဲပယ် ပြစ်ဒဏ်စီ အသီးသီး ချမှတ်လိုက်ပါတယ်။ 

play

 

နောက်ခံလူ မာ့ဟုခ်ျက လက်စတာရဲ့လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲနဲ့ နောက်ထပ်ရာသီအစမှာ ပွဲစဉ် တစ်ပွဲလွဲချော်မှာပါ။ မန်ယူအသင်းက လက်ကျန်ပွဲစဉ်တစ်ပွဲ အပါအဝင် သုံးပွဲ ကစားရဦးမှာဖြစ်လို့ အဲဒီလက်ကျန်သုံးပွဲလုံး လွဲချော်ရမှာပါ။

play

 

ဒါပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ပြန်လည်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ မန်ယူအသင်းက ပရီးမီးယားလိဂ် ဝင်ခွင့်ရဖို့အတွက် မျှော်လင့်ချက် ရှိနေသေးပြီး ဝက်စ်ဟမ်း၊ နောဝှစ်ခ်ျ၊ ဘုန်းမောက်တို့နဲ့ ကစားရဦးမှာပါ။ ကစားသမားနှစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်စဉ်မှာ ရောဘတ်ဟုသ်က ဖယ်လိုင်နီရဲ့ ဆံပင်ကိုဆွဲပြီး ဖယ်လိုင်နီက ရောဘတ်ဟုသ်ကို တံတောင်နဲ့ တွတ်ခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ